Tuesday, January 3, 2017

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း ဖြစ်စဉ်များနှင့်ပတ်သက်၍ မဟုတ်မမှန် လုပ်ကြံသတင်းများ ဖြန့်ချိလျက်ရှိ



Posted: January 3, 2017

၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် သတင်းအမှားများ ဖြန့်ချိခြင်း၊ အခြားနိုင်ငံများမှ ဖြစ်စဉ်များကို မြန်မာနိုင်ငံတွင် ဖြစ်နေသယောင် လုပ်ကြံဖန်တီးဖော်ပြခြင်း စသည်တို့ ဆောင်ရွက်ခဲ့သည်။

၎င်းဆောင်ရွက်ချက်များ၊ မဟုတ်မမှန် လုပ်ကြံဖန်တီးထားခြင်းများကို နိုင်ငံတကာ သတင်းမီဒီယာများ၊ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရများထံ ပေးပို့ဖြန့်ချိခဲ့ပြီး အထင်အမြင် လွဲမှားစေရန် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဖြန့်ချိခြင်းများကြောင့် သတင်းမီဒီယာအချို့က ချဲ့ကားရေးသားခြင်းများ ပြုလုပ်ခဲ့ကြပြီး နိုင်ငံတကာမှ နားလည်မှု လွဲမှားခြင်းများ ဖြစ်ပေါ်စေခဲ့သည်။ ထိုသို့ ဆောင်ရွက်ခဲ့သော မဟုတ်မမှန် လုပ်ကြံဖန်တီးထားသည့် သတင်းအချို့မှာ အောက်ပါအတိုင်း ဖြစ်သည်ဟု State Counsellor Office Information Committee က ဖော်ပြထားသည်။

The Ladies News

No comments: