Monday, January 2, 2017

ဘရာဇီးနိုင်ငံ၌ နှစ်သစ်ကူးညတွင် ပစ်ခတ်မှုဖြစ်ပွားရာ ၁၂ ဦးသေဆုံး

 

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့ ၌ ၂၀၁၇ ခုနှစ် နှစ်သစ်ကူးညကို ပြည်သူများကြိုဆိုနေကြစဉ်(ဆင်ဟွာ)    ရီယိုဒီဂျနေရို ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

    ဘရာဇီးနိုင်ငံ အရှေ့ တောင်ပိုင်း၌ ၂ဝ၁၇ ခုနှစ် နှစ်သစ်ကူးညတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၁၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းအရင်းအမြစ်က ဇန်နဝါရီလ ၁ ရက်တွင်ပြောကြားသည်။

ဆာအိုပေါ်လို မြို့ အနီးရှိ Campinas မြို့ ၌ သေနတ်သမားတစ်ဦးသည် ၄င်း၏ ဇနီးဟောင်းဖြစ်သူ နေအိမ်ခြံဝင်း အုတ်တံတိုင်းကို ကျော်တက်ပြီး အထဲသို့ ဝင်ရောက်ကာ  ဇနီးဟောင်း အပါအဝင် အသက် ၈ နှစ်အရွယ် သားဖြစ်သူ နှင့် အခြားဆွေမျိုးများစွာတို့ ကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၊ ယင်းနောက်တွင် သေနတ်သမားသည် ၄င်းကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း နှင့် သေနတ်ကျည်ဆံအများအပြားကို ၄င်းခန္ဓာကိုယ်တွင် တွေ့ ရှိခဲ့ကြောင်း သိရသည်။

O Globo နေ့ စဉ်သတင်းစာအရ သေနတ်သမားမှာ အသက် ၄ဝ နှစ်ခန့် အရွယ်ရှိပြီး ၄င်း၏ အမည်ကို ထုတ်ဖော်ရေးသားထားခြင်းမရှိကြောင်း နှင့် ၄င်းသည် လင်မယားကွာရှင်းခြင်းကို လက်မခံခဲ့ကြောင်း သိရသည်။

ကလေးငယ်အုပ်ထိန်းခွင့်ကို မယား(ဟောင်း) ဖြစ်သူက ပိုင်ဆိုင်ခွင့်ရရှိခဲ့ပြီးနောက် သေနတ်သမားသည် ၄င်း၏မယား(ဟောင်း) ကို သတ်ပစ်မည်ဟု ပြောဆိုခဲ့သည်ကို ကြားသိခဲ့ရကြောင်း မျက်မြင်သက်သေတစ်ဦးက O Globo သတင်စားသို့ ပြောကြားခဲ့သည်။

ဒဏ်ရာရရှိကြသူများအနက် နေအိမ်မှ ထွက်ပြေးလွတ်မြောက်သွားသူ တစ်ဦးမှာ ကလေးကျောင်းကြိုပေးသူတစ်ဦးဖြစ်ကြောင်း အိမ်နီးနားချင်းများက ပြောသည်။

သေဆုံးသူများ၏ အမည်စာရင်းကို သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း အမျိုးသား ၉ ဦး ၊ အမျိုးသမီး ၂ ဦး နှင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

(XINHUA)

No comments: