Tuesday, January 3, 2017

နမ့်လုံချောင်းအတွင်း ယာဉ်ထိုးကျတိမ်းမှောက်မှု ၆နှစ် သမီးငယ် ပျောက်ဆုံးနေ


 

ကျိုင်းတုံ-မိုင်းဖြတ် ပြည်ထောင်စုလမ်းမပေါ်၌ နမ့်လုံချောင်းအတွင်း ယာဉ်ထိုးကျတိမ်းမှောက်မှုဖြစ်ပွားမိုင်းဖြတ် ၊ ဇန်ဝါရီ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်၊ တာကျောက်ကျေးရွာအနီး ၊ ကျိုင်းတုံ-မိုင်းဖြတ် ပြည်ထောင်စု လမ်းမ၊ မိုင်တိုင် (၆၉၀) km နှင့် (၆၉၁)km အကြားတွင် ဇန်ဝါရီ ၃ ရက် မွန်းတည့် ၁၂ နာရီခန့်က ကျိုင်းတုံ ဘက်မှ မိုင်းဖြတ်ဘက်သို့ ယာဉ်မောင်း ဦးယောနစံ (၄၄)နှစ်၊ မောင်းနှင်လာသော ယာဉ်အမှတ်(3G/2017) ဖေါ်ကြူနာ (အဖြူရောင်) ယာဉ်သည် အရှိန်မထိန်နိုင်၍ လမ်းဘေးရှိ နမ့်လုံချောင်းထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရ သည်။


အဆိုပါယာဉ်တွင် လိုက်ပါလာသော ဦးအောင်စိုးမိုး တို့မိသားစု ၅ဦးသည် ကျိုင်းတုံမှ မိုင်းဖြတ်မြို့နယ်၊မိုင်းဟဲကျေးရွာရှိ မိမိတို့နေအိမ် သို့အပြန်ခရီး၌ တိမ်းမှောက်ခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။ ထိုသို့ ယာဉ်တိမ်းမှောက်မှုကြောင့် ဦးအောင်စိုးမိုးနှင့် ဇနီးဒေါ်မြင့်မြင့်တင် ၊ သားငယ် ၁ဦး ၊ယာဉ်မောင်းဦးယောနစံ (စိုးရိမ်ရ)တို့ ၄ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိကြပြီး ၃နှစ်အရွယ် သမီးငယ်မှာ ထိခိုက်ဒဏ်ရာ မရရှိသော်လည်း ၆နှစ်အရွယ် သမီးငယ်မှာ ပျောက်ဆုံးနေကြောင်း သိရသည်။


ယာဉ်တိမ်းမှောက်ဖြစ်ရာသို့ မိုင်းဖြတ်မြို့မှရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ သင်္ဂဟလူမှုကူညီရေးအသင်းများ ၊ကျေးလက်ပြည်သူများ တို့က ကယ်ဆယ်ရေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသည်။

 ထိုအပြင် ဒဏ်ရာရရှိသော မိသားစုများအား ဆေးဝါး ကုသခံယူနိုင်ရန်အတွက် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်နိုင်ရေး ကူညီဆောင်ရွက်ပေးပြီး ပျောက်ဆုံးနေသော (၆)နှစ်အရွယ်ကလေးငယ်အား ပြန်လည်တွေ့ရှိနိုင်ရေး အတွက် ဆက်လက်ရှာဖွေလျှက်ရှိကြောင်း သိရသည်။

ရှောလမွန် ပြန်/ဆက်

No comments: