Tuesday, January 3, 2017

ငါးတန်းကျောင်းသူ သားမယားပြုကျင့်ခံရ


 

ငါးတန်းကျောင်းသူအား အလိုမတူဘဲသားမယားပြုကျင့်ခဲ့သော တစ်ရွာတည်းသားအား မိခင်ဖြစ်သူမှ တိုင်ကြားအမှုဖွင့်မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်၊ ပျဉ်းဝင်းကျေးရွာနေ အမျိုးသမီးတစ်ဦးက ဇန်နဝါရီ တစ် ရက်က ၎င်း၏သမီးဖြစ်သူ အဓမ္မပြုကျင့်ခံရမှုနှင့် ပက်သက်၍ ဇန်နဝါရီ နှစ် ရက်တွင် တိုင်ကြားအမှုဖွင့်ခဲ့ကြောင်း ဗဟင်းနယ်မြေ ရဲစခန်းမှသိရသည်။

 ဖြစ်စဉ်မှာ မြိုင်မြို့နယ်၊ ပျဉ်းဝင်းကျေးရွာနေဒေါ်ညိုရင်၊ ၄၈နှစ်သည် ဇန်နဝါရီ(၁)ရက်နေ့ ညနေ(၄)နာရီအချိန်က ထင်းခွေသွားသောသမီးဖြစ်သူ မ-------၊၁၅နှစ်၊၅တန်းကျောင်းသူမှာ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိခဲ့သဖြင့် လိုက်လံရှာဖွေခဲ့ရာ ရွာ၏မြောက်ဘက်(၁)မိုင်ခန့် အကွာရှိ စုံတောစပ်တွင် သမီးဖြစ်သူမ------အား ထိုင်ငိုနေသည်ကိုတွေ့ရှိခဲ့၍ မေးမြန်းခဲ့ရာ မ------မှာ ထင်းခြောက်များ ကောက်နေစဉ် တစ်ရွာတည်းနေ ဖိုးဇော်(ခ)ဇော်လင်း၊၃၃နှစ်ရောက်ရှိလာပြီး ခြုံတောထဲ လိုက်ခဲ့ရန်ခေါ်ရာ မလိုက်သဖြင့် မ------ယူ ဆောင်လာသောပုဆိုးဖြင့် မ-------၏လက်နှစ်ဖက်အားချည်နှောင်ကာ ဆွဲခေါ်ပြီး တည်ပင်ခြုံတောစပ်
အရောက်တွင် မ---------၏အင်္ကျီ၊လုံချည်တို့အားဆွဲချွတ်၍ သားမယားအဖြစ်(၁)ကြိမ်ပြုကျင့်ခဲ့ကြောင်းပြောပြသိရှိခဲ့ခြင်းဖြစ်ကြောင်း တရားလို၏ တိုင်ကြားချက်အရသိရသည်။

 ဖြစ်စဉ်နှင့်ပက်သက်၍ သမီးဖြစ်သူအား အလိုမတူဘဲ သားမယားပြုကျင့်သူ ဖိုးဇော်(ခ)ဇော်လင်း အား အရေးယူပေးရန် ဇန်နဝါရီ(၂)ရက်နေ့တွင် ဒေါ်ညိုရင်မှ တရားလိုပြုတိုင်ကြားခဲ့သောကြောင့် မြိုင်မြို့နယ်၊ ဗဟင်းနယ်မြေ ရဲစခန်းက (ပ)၂/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်ထားသည်။

ရတနာပုံ သတင်းစာ

No comments: