Sunday, January 1, 2017

၁၁နှစ်မိန်းကလေးငယ်အား သားမယားအဖြစ်ပြုကျင့်သူကိုအမူဖွင့်အရေးယူ


မြစ်ကြီးနား ဇန်နဝါရီလ ၁ ရက်                    

ကချင်ပြည်နယ်မြစ်ကြီးနားမြို့ ကျွန်ပင်သာရပ်ကွက် နယ်မြေ(၁၁)တွင်အသက်(၁၁)အရွယ်မိန်းကလေးအားသားမယားအဖြစ်ပြုကျင့်သူအားဒီဇင်ဘာလ ၂၉ ရက်နေ့ မြစ်ကြီးနားမြို့မရဲစခန်းတွင်အမူဖွင့်အရေး ယူဆောင်ရွက်ထားရှိကြောင်းသိရသည်။

ဖြစ်စဉ်မှ ၂၀၁၆ ခုနှစ်ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက် နယ်မြေ(၁၁)အမှတ်(      ) တွင်နေ အမိဒေါ်ဂျာလုံ သမီးဖြစ်သူ မခေါ်န်နူး နှင့်အတူရှိနေစဉ် ကျွန်ပင်သာ နှစ်ခြင်းမူရင်းအသင်း တော်မှ သင်းအုပ်ဆရာ ဦးဂွမ်တုံဆိုင်းနော် ရောက်လာပြီ မခေါ်န်နူး အား မုန့်ဝယ်ကျွေးမည်ဟုပြောကာ သင်းအုပ်ဆရာဦးဂွမ်တုံဆိုင်းနော်မှ မခေါ်န်နူး အားကျွန်းပင်သာဈေးတန်တွင် မ.......အားမတ်တတ် ရပ်ခိုင်း၍အနွေထည်အဝတ်များအားဆွဲချွတ်ပြီးမိန်မကိုယ်အင်္ဂါအားပွတ်သပ်၍ယောက်ကျားအဂါင်္ဖြင့်ထိုးသွင်းရာပတ်ဝန်းကျင်မှတွေရှိသွားသဖြင့် မ....အားအိမ်သို့ပို့ဆောင်ပေးခဲ့ကြောင်း မ......၏ ဦးလေးဖြစ်သူမှအသိသက်သေများရှေ့တွင် ဦးဂွမ်တုံဆိုင်းနော်အားသားမယားအဖြစ်ကြူးလွန်ခြင်းရှိမရှိမေးရာ၎င်းမှကြူးလွန်ခဲ့ပါကြောင်းအမှန်တိုင်းထွက်ဆိုခဲ့သည်။

အလာတူ မ..... အား ဦးဂွမ်တုံဆိုင်းနော်မှ လွန်ခဲ့သော ၃/၄လအတွင်းစနေ တနင်္ဂနွေးနေ့များတွင်လည်း
သားမယားအဖြစ်ပြုကျင့်ခဲ့ပါကြောင်းမ.......ကပြောပြ
သည်။

သားမယားအဖြစ်ပြုကျင့်သူ ကျွန်းပင်သာရပ်ကွက်  နှစ်ခြင်းမူရင်အသင်းတော် မှသင်းအုပ်ဆရာ ဦးဂွမ် တုံဆိုင်းနောအားမြစ်ကြီးနားမြို့မရဲစခန်းမှ ပ ၂၆၃/ ၂၀၁၆ ရာဇသက်ကြီးပုဒ်မ ၃၇၆/၅၁၁ဖြင့် ဒီဇင်ဘာလ ၂၉ရက်နေ့တွင် အမူဖွင့်အရေးယူဆောင်ရွက်ထားရှိ
ကြောင်းမြို့မရဲစခန်းတိုင်းတန်းစာအရသိရှိရသည်။

No comments: