Thursday, January 12, 2017

အမေနေ့

အမေနေ့ (Mother Day)သည် ကမ္ဘာပေါ်ရှိ အမေအားလုံးကို ဂုဏ်ပြုသောနေ့ အဖြစ် နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို အမေနေ့ဟု နိုင်ငံအများစုက သတ်မှတ်ကြပါသည်။ မြန်မာနိုင်ငံတွင် အမေနေ့ကို နှစ်စဉ် ပြာသိုလပြည့်နေ့၌ ကျင်းပပြုလုပ်ပြီး အမေ့ဂုဏ်ကျေးဇူးများကို ထုတ်ဖော်ပြောဆို ကြသည်။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အလိုက် မတူညီသော ရက်များတွင် အမေနေ့ကို ကျင်းပကြပါသည်။
Juila Ward Home (1819-1910)

ရှေးဟောင်း ဂရိ ရောမခေတ်မှ စတင်၍ ဒီနေ့ခေတ်အထိ အမေနေ့ကို ကျင်းပနေကြဆဲဖြစ်ပါသည်။ နောင်တွင်လဲ အမေ့ကျေးဇူး ထုတ်ဖော်သည့်နေ့ကို ဆက်လက်ကျင်းပ နေကြအုံးမှာ မလွဲပေ၊ Officially အမေနေ့ဖြစ်မြောက်အောင် ကြိုးပမ်းအားထုတ်ခဲ့သူမှာ အမေရိကန်နိုင်ငံသူ Juila Ward Home (1819-1910) ဖြစ်သည်။ သူမသည် ကျော်ကြားသော စာရေးဆရာမကြီးတစ်ဦးဖြစ်ပြီး အမေနေ့ဖြစ်မြောက်ရန် ကလောင်စွမ်းနှင့် ကြိုးပမ်းခဲ့သူဖြစ်သည်။

အမေနေ့ဖြစ်မြောက်အောင် ကြိုးပမ်းခဲ့သူ Juila Ward Home သမီး Anna Jarvis က အမေ့ အိပ်မက်ကို ဆက်လက်ပြီး ရှင်သန်စေခဲ့သူ ဖြစ်ပြီး သူမဟာလဲ မမေ့သင့်သော ကျေးဇူးရှင် တစ်ဦးဖြစ်ပါသည်။ Juil Ward Home နှင့် Anna Jarvis တို့၏ ကြိုးပမ်းမှုများကြောင့် နောက်ပိုင်းတွင် ကမ္ဘာနှင့် အ၀ှမ်း အမေနေ့ ကျင်းပနေခဲ့ကြတာဖြစ်ပါသည်။

အင်္ဂလန်နိုင်ငံတွင် မယ်တော်မယ်ရီကို ဂုဏ်ပြုသည့်အနေ့နှင့် ကျင်းပလေ့ရှိသည်။ ထိုနေ့မှာ အမေအားလုံးသည် တူညီဝတ်စုံများကို ၀တ်ဆင်ပြီး အခမ်းအနား ကျင်းပသောနေရာကို ရောက်လာသောအခါ သားသမီးများက အမေများ၏ ကျေးဇူးကို ထုတ်ဖော်ပြောဆိုကြပါသည်။
အမေနေ့ ဖြစ်ပေါ်လာပုံ

မြန်မာပြည်တွင် စာရေးဆရာ ဒါရိုက်တာ ဦးသုခ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ပြာသိုလ်လပြည့်နေ့ကို အမေနေ့အဖြစ် သတ်မှတ်နိုင်ခဲ့ပြီး မြန်မာ့ ပြက္ခဒိန်တွင် ပြာသိုလ်လပြည့်အမေ့နေ့ အဖြစ် ကမ္ဗည်းတင်နိုင်ခဲ့ပေသည်။ မြန်မာ့ယဉ်ကျေးမှု့အရ အမေကို ဘုရားနှင့် တစ်ဂိုဏ်းတည်းထားပြီး မာတာပိတုဂုဏောအနန္တော ဆိုပြီး ပူဇော်ခဲ့ အရိုအသေ ပေးခဲ့ကြသည်။ ဆရာကြီး ဦးသုခက Officially ဖြစ်အောင် ကြိုးပမ်းပေးသူ ဖြစ်ပါသည်။ ၁၉၉၅-ခုနှစ်၊ ပြာသိုလ်လပြည့်နေ့၌ စာရေးဆရာ ဦးသုခ၏ တိုက်တွန်းပြောပြချက်အရ မန္တလေးတွင် အမေနေ့ကို ပထမဦးဆုံး စတင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ မိဘကျေးဇူးဆပ်နည်း စသည့် ဗဟုသုတပညာပေးများ ဟောပြောခြင်းဖြင့် ခေတ်လူငယ်များအား အသိပညာဗဟုသုတ တိုးပွားစေလိုသည့် ဆန္ဒဖြင့် စတင်ခဲ့ခြင်းဖြစ်ပါသည်။

“အမေဆိုသည့် စာကလေးနှစ်လုံးကို အသံထွက်အောင်ရွတ်ဆိုကြည့်လိုက်စမ်းပါ။ အလွန်ချိုမြိန်သော၊ သာယာသော၊ စိတ်ချမ်းသာသော၊ မေတ္တာနှင့်ထုန်မွှန်းသော အရသာကို ခံစားရပါလိမ့်မည်” (ဆရာကြီး ဦးသုခ၏ ပထမဆုံးအကြိမ် မန္တလေး အမေနေ့ ဟောပြောပွဲမှ)

mh

Tuesday, January 3, 2017

တရုတ်နံပါတ်ပြားတပ် တန်ပိုကုန်တင်ကားများကြောင့် သျှမ်း/မြန်မာဒေသခံများနစ်နာဆုံးရှုံး


 


ဇန်န၀ါရီလ ၃ ရက် ၂၀၁၇

သျှမ်းပြည်မြောက်ပိုင်း မြန်မာ-တရုတ်နယ်စပ် မူစယ်မြို့ နှင့် နမ့်ခမ်းမြို့ ကြား ၌ မောင်းနှင်ပြေးဆွဲသည့် တရုတ်နံပါတ် ပြားတပ် တန်ပိုကုန်တင်ကားကြီးများ တရားမ၀င် ၀င်ထွက်မှုများကြောင့် မြန်မာနိုင်ငံဘက်မှ ဒေသခံများ ထိခိုက် နစ်နာမှု အမျိုးမျိုးခံနေရသည်ဟု သတင်းရရှိသည်။
“အခု အဲ့ တရုတ်နံပါတ်ပြားတပ်ကုန်တင်ကားကြီးတွေ စည်းမဲ့ကမ်းမဲ့ မောင်း နှင်ပြေးဆွဲနေလို့ ( မူစယ် - နမ့်ခမ်း) ပြည်ထောင်စုကားလမ်းလဲ ပျက်စီးနေ ပါပြီ။ နေရာတိုင်းလိုလိုပါပဲ။ ဘယ်သူမှလဲ လာရောက် ပြုပြင် ပေးတာ မရှိဘူး။ စည်းမဲ့ ကမ်းမဲ့ မောင်းနှင်ပြေးဆွဲနေတဲ့ တရုတ်နံပါတ်ပြားတပ် ကုန်တင် ကား ကြီးတွေကိုလဲ သက်ဆိုင်ရာမှ အရေးယူ ဆောင်ရွက်တာတွေ မတွေ့ရဘူး” ဟု မူစယ်ဒေသခံ ပန်ခမ်းရွာသား စိုင်းလျှန်း ကဆို သည်။

ထို တရုတ်နံပါတ်ပြား တပ် ကုန်တင်ကားအများစုကို တရုတ်နိုင်ငံသားများက ပိုင်ဆိုင်နေကြပြီး တရုတ်နိုင်ငံထဲ၌ လည်း သက်တမ်းကုန်ဆုံးနေသော ယာဉ် အိုယာဉ်ဟောင်း စာရင်းဝင်ထားသော ယာဉ်များသာ ဖြစ်ကြကြောင်း၊ ၄င်းယာဉ်များကို အသုံးပြုပြီး မြန်မာနိုင်ငံဘက်မှ တရားမ၀င် ကုန်ပစ္စည်းများကို တင်ဆောင်ပြီး ရွှေလီမြစ်တစ် လျှောက်ရှိ ကူးတို့ဆိပ်မှတဆင့် ၀င်ထွက်သွားလာနေကြသည်ကိုတွေ့နေရကြောင်း ၄င်းကပြောသည်။


တရုတ်နံပါတ်ပြားတပ် ကုန်တင်ကားကြီးများကြောင့် (မူစယ်-နမ့်ခမ်း ) ပြည်ေ ထာင်စုလမ်းမပေါ်ရှိ လွယ်ကြူလောက်တောင်ခြေ၌ ကားဘရိတ်ပေါက် မှု ကြောင့် ဇန်န၀ါရီလ ၃ ရက်နေ့ မနက်ပိုင်းက တောင်အတက်မှလျှောကျရာ ကားနောက်ပိုင်းရှိ (အာလာဖတ်) ကားတစ်စီးကို တိုက်မိပြီး လမ်းဘေး၌ ရှိသည့် လူနေအိမ်ခြံဝင်းထဲ သို့ ထိုးဝင်သွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ မူစယ်-နမ့်ခမ်း ကားဆရာ ကဆိုသည်။
“အခု လွယ်ကြူလောက်တောင် အတက်နေရာမှာပဲ တခါဖြစ်ပြီးပြီ။ လွန်ခဲ့တဲ့ (၂၁.၄.၂၀၁၆ )ရက်တုန်းကပေါ့။ တရုတ် ကုန်တင်ကား ပလိပ်ပေါက်ပြီး ခရီးသွားလာနေတဲ့ ဒီဒေသတွင်းက သွားလာနေတဲ့ ကားငယ် ၇ စီး ဆင့် တိုက်ခဲ့တယ်” ဟု ၄င်းကပြောသည်။

တရုတ်နိုင်ငံမှ ကုန်တင်ကားကြီးများသည် မြန်မာနိုင်ငံ မူစယ်မြို့နှင့် နမ့်ခမ်းမြို့ များ ထဲတွင် လွတ်လွတ်လပ်လပ် မောင်းနှင်ပြေး ဆွဲနိုင်သော် လည်း မြန် မာနိုင်ငံမှ ကုန်တင်ကားကြီးများမှာ တရုတ်နိုင်ငံထဲသို့ လွတ်လပ်စွာ သွားလာ ခွင့် မရရှိကြကြောင်း ဟု ဒေသခံကားသမားများက ပြောဆိုကြပါသည်။

Panglong(Burmese)

  ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံး မပေးနိုင်တဲ့အတွက် NLD ပါတီ အားလျော့နိုင်


NLD ပါတီရဲ့ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် ကို ဇန်နဝါရီလ ၃ ရက်နေ့ကတွေ့ရစဉ်။ Photo: Win Ko Ko Latt/RFAလာမယ့်ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လို့မရတာကြောင့် ပါတီအတွက် အားလျော့သွားတယ်လို့ ပါတီရဲ့ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က ပြောပါတယ်။

ဒီနေ့ နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ နိုင်ငံရေးပါတီ ၂၃ ပါတီ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေနဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ တွေ့ဆုံပွဲအပြီးမှာ ဦးဝင်းထိန် က သတင်းထောက်တွေကို ပြောတာဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ သမ္မတရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး တာဝန်တွေယူထားတဲ့အတွက် အခြေခံဥပဒေအရ မဲဆွယ်စည်းရုံးခွင့်မရှိ တာဖြစ်ပါတယ်။

လာမယ့် ဧပြီ ၁ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်း/ပြည်နယ်လွှတ်တော် စုစုပေါင်း လစ်လပ်နေရာ ၁၉ နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၈ နေရာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ကယားပြည်နယ် ဖရူဆိုမဲဆန္ဒနယ် အမှတ်(၁) နေရာအတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ထံ သတ်မှတ်ချိန်အတွင်း မပေးပို့နိုင်ခဲ့တာကြောင့် အဲဒီနေရာမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် မရခဲ့တာဖြစ်ပါတယ်။

RFA Burmese

နမ့်လုံချောင်းအတွင်း ယာဉ်ထိုးကျတိမ်းမှောက်မှု ၆နှစ် သမီးငယ် ပျောက်ဆုံးနေ


 

ကျိုင်းတုံ-မိုင်းဖြတ် ပြည်ထောင်စုလမ်းမပေါ်၌ နမ့်လုံချောင်းအတွင်း ယာဉ်ထိုးကျတိမ်းမှောက်မှုဖြစ်ပွားမိုင်းဖြတ် ၊ ဇန်ဝါရီ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်၊ တာကျောက်ကျေးရွာအနီး ၊ ကျိုင်းတုံ-မိုင်းဖြတ် ပြည်ထောင်စု လမ်းမ၊ မိုင်တိုင် (၆၉၀) km နှင့် (၆၉၁)km အကြားတွင် ဇန်ဝါရီ ၃ ရက် မွန်းတည့် ၁၂ နာရီခန့်က ကျိုင်းတုံ ဘက်မှ မိုင်းဖြတ်ဘက်သို့ ယာဉ်မောင်း ဦးယောနစံ (၄၄)နှစ်၊ မောင်းနှင်လာသော ယာဉ်အမှတ်(3G/2017) ဖေါ်ကြူနာ (အဖြူရောင်) ယာဉ်သည် အရှိန်မထိန်နိုင်၍ လမ်းဘေးရှိ နမ့်လုံချောင်းထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရ သည်။


အဆိုပါယာဉ်တွင် လိုက်ပါလာသော ဦးအောင်စိုးမိုး တို့မိသားစု ၅ဦးသည် ကျိုင်းတုံမှ မိုင်းဖြတ်မြို့နယ်၊မိုင်းဟဲကျေးရွာရှိ မိမိတို့နေအိမ် သို့အပြန်ခရီး၌ တိမ်းမှောက်ခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။ ထိုသို့ ယာဉ်တိမ်းမှောက်မှုကြောင့် ဦးအောင်စိုးမိုးနှင့် ဇနီးဒေါ်မြင့်မြင့်တင် ၊ သားငယ် ၁ဦး ၊ယာဉ်မောင်းဦးယောနစံ (စိုးရိမ်ရ)တို့ ၄ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိကြပြီး ၃နှစ်အရွယ် သမီးငယ်မှာ ထိခိုက်ဒဏ်ရာ မရရှိသော်လည်း ၆နှစ်အရွယ် သမီးငယ်မှာ ပျောက်ဆုံးနေကြောင်း သိရသည်။


ယာဉ်တိမ်းမှောက်ဖြစ်ရာသို့ မိုင်းဖြတ်မြို့မှရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ သင်္ဂဟလူမှုကူညီရေးအသင်းများ ၊ကျေးလက်ပြည်သူများ တို့က ကယ်ဆယ်ရေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသည်။

 ထိုအပြင် ဒဏ်ရာရရှိသော မိသားစုများအား ဆေးဝါး ကုသခံယူနိုင်ရန်အတွက် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်နိုင်ရေး ကူညီဆောင်ရွက်ပေးပြီး ပျောက်ဆုံးနေသော (၆)နှစ်အရွယ်ကလေးငယ်အား ပြန်လည်တွေ့ရှိနိုင်ရေး အတွက် ဆက်လက်ရှာဖွေလျှက်ရှိကြောင်း သိရသည်။

ရှောလမွန် ပြန်/ဆက်

MPT-KSGM Joint Operations ၏ အမှုဆောင်အရာရှိချုပ် ပြောင်းလဲ

MPT-KSGM Joint Operations ၏ အမှုဆောင်အရာရှိချုပ်အသစ်အဖြစ် Mr.Toshitake Amamiya စတင်တာဝန်ထမ်းဆောင်ကြောင်း သိရသည်။

ဇန်နဝါရီလ ၁ ရက်မှစတင်ကာ တာဝန်ထမ်းဆောင်ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံရှိ KDDI ကော်ပိုရေးရှင်း၏ Global Consumer Business ဌာနတွင် အမှုဆောင်အရာရှိချုပ်၊ အထွေထွေမန်နေဂျာတို့အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇူလိုင်လက စတင်ဖွဲ့စည်းခဲ့သော MPT-KSGM Joint Operations လုပ်ငန်းတွင် ဦးဆောင်ခဲ့သူ Mr.Takashi Nagashima ၏ နေရာကို တာဝန်ယူဆက်ခံခြင်း ဖြစ်ကြောင်း သိရသည်။ ယခင် CEO ဖြစ်သည့် Mr.Takashi Nagashima သည် ဂျပန်နိုင်ငံသို့ပြန်လည် ထွက်ခွာသွားပြီး KDDI ၏ စီးပွားရေးကဏ္ဍကိုကြီးကြပ်ရာတွင် အထောက်အပံ့ပြုသွားမည်ဟု ဆိုသည်။

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း ကြေညာ



၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်ကပြုလုပ်ခဲ့သော ရွေးကောက်ပွဲ၌ ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက် ပိုင်းမြို့နယ်ရှိ မဲရုံတစ်ရုံတွင် ဆန္ဒမဲပေးနေသော မဲဆန္ဒရှင်များကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းအား ဇန်န၀ါရီ ၂ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။

ထိုသို့ ထုတ်ပြန်ချက်အရ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာတွင် တစ်သီးပုဂ္ဂလ ခုနစ်ဦးအပါအ၀င် နိုင်ငံရေးပါတီ ၂၄ ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ၈၈ ဦး စုစုပေါင်း ၉၅ ဦး ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

အဆိုပါလစ်လပ်မဲဆန္ဒနယ် ၁၉ နေရာတွင် ပြည်သူ့လွှတ်တော် ကိုးနေရာအတွက် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ခြောက်ဦးအပါအ၀င် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၉ ဦး၊ အမျိုးသားလွှတ်တော် သုံးနေရာအတွက် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦးအပါအ၀င် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၅ ဦး ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ပြည်နယ်လွှတ်တော် လစ်လပ်မဲဆန္ဒနယ် ခုနစ်နေရာအတွက် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၁ ဦး ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ် ပြိုင်ရန်အတွက် မူလက လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူ ၉၆ ဦးရှိပြီး မိုင်းရှူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ ၀င်ရောက်ယှဉ်ပြိုင်မည့် “၀” လစ်ဘရယ်ဒီမိုကရက်တစ် တိုးတက်ဖွံ့ဖြိုးရေးပါတီမှ အမည်စာရင်း တင်သွင်းခဲ့သူမှာ ၀န်ထမ်းဖြစ်နေသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပလပ်လိုက်သဖြင့် ၉၅ ဦး ဖြစ်သွားခြင်းဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ပြောကြားသည်။

“သူက သက်ပြည့်ပင်စင်ခံစားခွင့် တင်ထားတဲ့သူ။ သူက ၂၀၁၆ ခုနှစ် စက်တင်ဘာ ၉ ရက်ကနေ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၈ ရက်ထိ ၀န်ထမ်းဖြစ်နေသေးတဲ့အတွက် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ အရ ပလပ်လိုက်တာပါ” ဟု ဦးတင်ထွန်းက ပြောကြားသည်။

လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက နေရာပြည့် ၀င်ရောက်ယှဉ်ပြိုင်ပြီး အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကမူ တစ်နေရာလျော့၍ ၁၈ နေရာသာ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ထို့အတူ ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၌ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် လစ်လပ်မဲဆန္ဒနယ် ရှစ်နေရာရှိသည့်အနက် ရှမ်းတိုင်းရင်းသားပါတီများဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) တို့ နှစ်ပါတီစလုံးက ခုနစ်နေရာ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့မှာလည်း မွန်ပြည်နယ်တွင်းရှိ လစ်လပ်လျက်ရှိသော ချောင်းဆုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် တစ်နေရာအား နှစ်ပါတီစလုံးမှ ကိုယ်စားလှယ်လောင်း တစ်ဦးစီ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ကျန်နိုင်ငံရေးပါတီများဖြစ်သည့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ သုံးဦး၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှငါးဦး၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှလေးဦး၊ အမျိုးသားတိုးတက်ရေးပါတီမှ ခြောက်ဦး၊ လူ့ဘောင်သစ်ပါတီမှ တစ်ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ တစ်ဦး၊ မြန်မာအမျိုးသား ကွန်ဂရက်ပါတီမှ တစ်ဦး၊  ပြည်သူ့ဒီမိုကရေစီပါတီမှ တစ်ဦး၊ ပြည်ထောင်စု လယ်သမား အလုပ်သမားအင်အားစုပါတီမှ တစ်ဦးနှင့် ပြည်သူ့အကျိုးပြုကျောင်းသားများ ဒီမိုကရေစီပါတီမှ တစ်ဦးစီ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

အလားတူ တိုင်းရင်းသား အခြေပြုပါတီများဖြစ်သည့် “၀” လစ်ဘရယ်ဒီမိုကရက်တစ် တိုးတက်ဖွံ့ဖြိုးရေးပါတီမှ နှစ်ဦး၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ နှစ်ဦး၊ အာခါ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ တစ်ဦး၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ တစ်ဦး၊ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်) မှတစ်ဦး၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ တစ်ဦး၊ ရခိုင်အမျိုးသားပါတီမှ နှစ်ဦး၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီမှ တစ်ဦးစီ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ရခိုင်အမျိုးသားပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည့် နှစ်ဦးအနက်တစ်ဦးမှာ ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း) ဖြစ်ပြီး ရခိုင်ပြည်နယ် အမ်းမဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သော ကော့မှူးမဲဆန္ဒနယ်တွင် ကြားဖြတ်ရွေးကောက်ပွဲ၌ လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုးဦး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တစ်သီးပုဂ္ဂလကိုယ်စား လှယ်လောင်း နှစ်ဦး အပါအ၀င် နိုင်ငံရေးပါတီ ခုနစ်ပါတီပါဝင်ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ပြည်သူ့လွှတ်တော် လစ်လပ်မဲဆန္ဒနယ် ကိုးနေရာမှာ မုံရွာမဲဆန္ဒနယ်၊ ချောင်းဆုံမဲဆန္ဒနယ်၊ အမ်းမဲဆန္ဒနယ်၊ လှိုင်သာယာမဲဆန္ဒနယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မဲဆန္ဒနယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မဲဆန္ဒနယ်၊ ကော့မှူးမဲဆန္ဒနယ်၊ ကျေးသီးမဲဆန္ဒနယ်၊ မိုင်းရှူးမဲဆန္ဒနယ်တို့ ဖြစ်သည်။

ထို့အတူ အမျိုးသားလွှတ်တော်လစ်လပ် မဲဆန္ဒနယ်သုံးနေရာမှာ ချင်းပြည်နယ်အမျိုး သားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၃ (ထန်တလန်)၊ ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ် တော်မဲဆန္ဒနယ်အမှတ် ၄ (ကျောက်တံခါး၊ ညောင်လေးပင်)၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၆ (ကမာရွတ်၊ ကြည့်မြင်တိုင်၊ ဆိပ်ကမ်း၊ လသာ၊ လှိုင်၊ လမ်းမတော်၊ အလုံ) တို့ဖြစ်သည်။

ပြည်နယ်လွှတ်တော် လစ်လပ်မဲဆန္ဒနယ် ခုနစ်နေရာမှာ ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)၊ ကျိုင်းတုံ မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၂)၊ ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) နှင့် အမှတ် (၂)၊ ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁)၊ မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) နှင့် အမှတ် (၂) တို့ဖြစ်သည်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးနိုင်မည့် မဲဆန္ဒရှင်ဦးရေ ၂ ဒသမ ၂ သန်း ခန့်ရှိကြောင်းနှင့် ကြိုတင်မဲပေးမည့် ပြည်ပရောက် မဲဆန္ဒရှင် ၃၀၀ ကျော်ရှိကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

Writer: 

ကျော်ဇင်ဝင်း၊ နေရိုင်း

Eleven Media Group Co., Ltd

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း ဖြစ်စဉ်များနှင့်ပတ်သက်၍ မဟုတ်မမှန် လုပ်ကြံသတင်းများ ဖြန့်ချိလျက်ရှိ



Posted: January 3, 2017

၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် သတင်းအမှားများ ဖြန့်ချိခြင်း၊ အခြားနိုင်ငံများမှ ဖြစ်စဉ်များကို မြန်မာနိုင်ငံတွင် ဖြစ်နေသယောင် လုပ်ကြံဖန်တီးဖော်ပြခြင်း စသည်တို့ ဆောင်ရွက်ခဲ့သည်။

၎င်းဆောင်ရွက်ချက်များ၊ မဟုတ်မမှန် လုပ်ကြံဖန်တီးထားခြင်းများကို နိုင်ငံတကာ သတင်းမီဒီယာများ၊ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရများထံ ပေးပို့ဖြန့်ချိခဲ့ပြီး အထင်အမြင် လွဲမှားစေရန် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဖြန့်ချိခြင်းများကြောင့် သတင်းမီဒီယာအချို့က ချဲ့ကားရေးသားခြင်းများ ပြုလုပ်ခဲ့ကြပြီး နိုင်ငံတကာမှ နားလည်မှု လွဲမှားခြင်းများ ဖြစ်ပေါ်စေခဲ့သည်။ ထိုသို့ ဆောင်ရွက်ခဲ့သော မဟုတ်မမှန် လုပ်ကြံဖန်တီးထားသည့် သတင်းအချို့မှာ အောက်ပါအတိုင်း ဖြစ်သည်ဟု State Counsellor Office Information Committee က ဖော်ပြထားသည်။

The Ladies News

အမှုစစ်ဆေးစဉ် သေဆုံးခဲ့သဖြင့် အလောင်းဖျောက်ဖျက်ရန် ကြိုးစားခဲ့သည့် နယ်မြေရဲစခန်းမှူး အပါအ၀င် ရဲတပ်ဖွဲ့ဝင် ဆယ်ဦးကို ဖမ်းဆီးစစ်ဆေး

ဘောကထာနယ်မြေရဲစခန်းတွင် အသက် (၃၀)ခန့်ရှိ အမျိုးသားတစ်ဦးအား အမှုစစ်ဆေးစဉ် ရိုက်နှက်စစ်ဆေးရာမှ သေဆုံးခဲ့သဖြင့် အလောင်းဖျောက်ဖျက်ရန် ကြိုးစားခဲ့သည့် နယ်မြေရဲစခန်းမှူး အပါအ၀င် ရဲတပ်ဖွဲ့ဝင်ဆယ်ဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ရွှေကျင်မြို့မ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ဇန်န၀ါရီ ၃ ရက်တွင် The Ladies သို့ပြောသည်။

 

“အမှုက ရွှေကျင်စခန်းမှုး စစ်ဆေးနေပါတယ်။ ရဲတပ်ဖွဲ့ဝင်ဆယ်ဦးကို ထိန်းသိမ်းထားပါတယ်။ အခုအချိန်ထိတော့ စစ်ဆေးနေဆဲပါ” ဟု ရွှေကျင်မြို့မ ရဲစခန်းမှ တာဝန်ကျရဲအရာရှိက ပြောသည်။

 

ဘောကထာနယ်မြေရဲစခန်းတွင် ဒီဇင်ဘာ စတုတ္ထပတ်အတွင်း ခိုးမှုသံသယရှိ အမျိုးသားတစ်ဦးအား စခန်းမှူး အပါအ၀င် ရဲတပ်ကြပ်ကြီးတစ်ဦး၊ ဒုရဲတပ်ကြပ်သုံးဦး၊ ရဲတပ်သား ငါးဦး အလှည့်ကျစစ်ဆေးရာမှ ထိုးကြိတ် ရိုက်နှက်ထားသည့် ဒဏ်ရာများဖြင့် ဒီဇင်ဘာ ၂၅ ရက် နံနက် ၂ နာရီတွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး ၂၉ ရက်တွင် အမှုဖွင့်လှစ်ကာ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ရွှေကျင်မြို့မ ရဲစခန်းမှသိရသည်။

 

အဆိုပါနယ်မြေအတွင်း တီဗီများပျောက်ဆုံးခြင်း၊ ဆိုလာပြားများ မကြာခဏ ပျောက်ဆုံးခြင်း ဘထ္ထရီများ ပျောက်ဆုံးသဖြင့် မကြာခဏ တိုင်တန်းမှုများ ရှိခြင်းကြောင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ခိုးမှုဖြင့် သံသယရှိသူကို စစ်ဆေးရာမှ သေဆုံးခဲ့ခြင်းဖြစ်သည်။ စစ်ဆေးသည့်အခါတွင် အထက်လူကြီးများ၏ ညွှန်ကြားချက်အတိုင်း မစစ်ဆေးဘဲ မူမမှန်သည့် စစ်ဆေးမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း လည်း သိရသည်။

 

အမှုစစ်ဆေးစဉ် သေဆုံးခဲ့ပြီး အလောင်းစွန့်ပစ်ခဲ့သည့် ဘောကထာ နယ်မြေ ရဲစခန်းမှ စခန်းမှူးအပါအ၀င် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကို ရွှေကျင်မြို့မ ရဲစခန်းက လူသတ်မှုပုဒ်မ ၃၀၂၊ အလောင်းဖျောက်ဖျက်မှုပုဒ်မ ၂၀၁၊ အားပေးအားမြှောက်မှု ၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

 

ဇော်မင်းထွန်း

The Ladies News

တက္ကဆက် ပြည်နယ်တွင် လေယာဉ်နှစ်စင်း ဝေဟင်ပေါ်၌ တိုက်မိ၊ သုံးဦးသေဆုံး


မက္ကင်နီ ဇန်နဝါရီ ၂

အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်တွင် လေယာဉ်ငယ် နှစ်စင်းသည် ဝေဟင်ပေါ်၌ တိုက်မိရာ လူသုံးဦး သေဆုံးကြောင်း သတင်းဌာနကြီး တစ်ခုက ဇန်နဝါရီ ၂ ရက်တွင် ဖော်ပြသည်။

အဆိုပါ လေကြောင်း မတော်တဆမှုသည် မက္ကင်နီမြို့ရှိ Aero County ပုဂ္ဂလိက လေယာဉ်ကွင်း အနီး၌ ဒီဇင်ဘာ ၃၁ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် ဖြစ်ပွားခြင်း ဖြစ်ကြောင်း ပြည်ထောင်စု လေကြောင်း ပျံသန်းရေး စီမံခန့်ခွဲမှု အဖွဲ့ (FAA)က ထုတ်ပြန် ထားသည်။

မျက်မြင်သက်သေ များ၏ ပြောဆိုချက်အရ လေယာဉ်တိုက်မှုတွင် ပါဝင်သည့် လေယာဉ်ငယ် တစ်စင်းသည် Cessna အမျိုးအစား အခြား လေယာဉ်ငယ်၏ ကိုယ်ထည် နောက်ပိုင်းကို ဝင်တိုက်မိခြင်း ဖြစ်ပြီး ယင်းသို့ တိုက်မိခြင်းကြောင့် Cessna လေယာဉ်၏ အမြီးပိုင်းမှာ ပျက်စီးကာ မြေပြင်သို့ ပျက်ကျခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဝင်တိုက်မိသည့် လေယာဉ်မှ လေယာဉ်မှူးသည် လေယာဉ်ကို ပြန်လည် ထိန်းချုပ်နိုင်ရန် ကြိုးပမ်းသော်လည်း နောက်ပိုင်းတွင် မြေပြင်ရှိ အဆောက်အအုံ တစ်ခု အပေါ်သို့ ပျက်ကျသွားကြောင်း သတင်းဌာနက ဖော်ပြထားသည်။

ယင်းမတော်တဆမှုနှင့် စပ်လျဉ်း၍ FAA က စုံစမ်း စစ်ဆေးနေပြီး လေယာဉ်တိုက်မှုတွင် သေဆုံးသွားသူ များ၏ အမည်များကိုမူ အာဏာပိုင်များက ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

မြ၀တီ
v