Wednesday, December 28, 2016

၂၀၁၇ ခုနှစ်တွင် မြင်တွေ့နိုင်မည့် Samsung ထုတ်ကုန် (၈) မျိုး








၂၀၁၆ ခုနှစ်ဟာ Samsung အတွက် အမှတ်ရဖွယ်ကောင်းတဲ့ နှစ်တစ်နှစ်မဟုတ်ပေ။ Note 7 ကိစ္စမှာ ကုမ္ပဏီအနေနဲ့ ထိခိုက်နစ်နာမှုများစွာ ဖြစ်ပေါ်ခဲ့ရပြီး ရောင်းအားနဲ့ အမှတ်တံဆိပ်ပုံရိပ် ကောင်းမွန်လာစေဖို့အတွက် ၂၀၁၇ ခုနှစ်က အရေးပါလာပါတယ်။ Note 7 အရှုပ်တော်ပုံမတိုင်မီက ရှိခဲ့တဲ့အခြေအနေကို ပြန်ရောက်ဖို့ Samsung အတွက် အရေးကြီးပါတယ်။

ဒါကြောင့် လာမယ့်နှစ်မှာထွက်ရှိမယ့် Samsung ထုတ်ကုန်တွေဟာ စိန်ခေါ်မှုတွေအကြား ကြံ့ခိုင်ဖို့ လိုအပ်ပါတယ်။ ကုမ္ပဏီရဲ့ Galaxy S နဲ့ Note စီးရီးထုတ်ကုန်သစ်တွေကို လူတွေက အများကြီးမျှော်လင့်ထားကြတယ်။

Samsung အနေနဲ့လည်း ခေါက်နိုင်တဲ့ display ပါတဲ့ ဖုန်းကိုလည်း ထုတ်လုပ်သွားဖို့ရှိပြီး ပြင်ဆင်မှု များစွာ ပြုလုပ်ထားနိုင်ပါတယ်။

၂၀၁၇ ခုနှစ်မှာ Samsung ထံကနေ ထွက်ရှိလာနိုင်တဲ့ ထုတ်ကုန် (၈) မျိုးက အောက်ပါအတိုင်း ဖြစ်ပါတယ်။

Galaxy S8

Samsung Galaxy S8 ဟာ Note 7 အရှုပ်တော်ပုံကနေ ပြန်လည်နိုးထစေနိုင်တဲ့ ထုတ်ကုန် ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး Galaxy S7 ကို အဆင့်မြှင့်တင်ထားတဲ့ ထုတ်ကုန်တစ်မျိုးလည်း ဖြစ်ဖွယ်ရှိတယ်။ Galaxy S8 မှာ home ခလုတ်ပါဖွယ်မရှိပါဘူး။ ဒါ့အပြင် လက်ဗွေ sensor ကို မှန်အတွင်းထည့်ထားတဲ့ edge-to-edge display လည်း ပါဖို့ရှိပါတယ်။ Galaxy S8 မှာ ၃.၅ မီလီမီတာ နားကြပ်ပေါက်နေရာမှာ USB-C ဖြစ်လာဖွယ်ရှိတယ်လို့ သိရပါတယ်။

Galaxy S8 ရဲ့ပရိုဆက်ဆာက 10nm ဖြစ်ပြီး စွမ်းဆောင်ရည်နဲ့ ဘက်ထရီသက်တမ်း ပိုကောင်းလာမှာပါ။ ကင်မရာနည်းပညာပိုင်းဆိုရင်လည်း ကျောဘက် sensor အမျိုးမျိုးနဲ့ ရှေ့ကင်မရာတွင် autofocus ပါလာဖွယ်ရှိပါတယ်။ S voice နေရာမှာ ပိုမိုကောင်းမွန်တဲ့ voice assistant နဲ့အစားထိုးနိုင်သလို RAM 8GB နဲ့ memory 256GB ပါဝင်လာဖို့ရှိပါတယ်။

Galaxy Note 8

၂၀၁၇ ခုနှစ်မှာ Note စီးရီးဖုန်းတွေကို ပြန်ထုတ်ဖို့ Samsung ကမျှော်လင့်နေပါတယ်။ Note 8 မှာ LG က ထောက်ပံ့တဲ့ ဘက်ထရီတွေ အသုံးပြုသွားမှာဖြစ်တဲ့အတွက် Note 7 လိုမျိုး ဘက်ထရီပြဿနာရှိဖို့ ခဲယဉ်းပါတယ်။ Note 8 မှာ stylus ဒီဇိုင်းကို ဆက်လက်အသုံးပြုဖို့ရှိပြီး dual-screen display ပါလာဖို့ရှိပါတယ်။

Galaxy A-series

Samsung က ၂၀၁၇ ခုနှစ် ဇန်နဝါရီမှာပြုလုပ်မယ့် CES ပြပွဲအတွက် A3, A5 နဲ့ A7 စမတ်ဖုန်းတို့ကို မိတ်ဆက်ဖွယ်ရှိပါတယ်။ အဲဒီဖုန်းသုံးလုံးမှာ USB-C port ပါဝင်လာမယ်လို့ ဆိုပါတယ်။ Galaxy A3 ရဲ့မျက်နှာပြင်က ၄.၇ လက်မရှိနိုင်သလို A5 မျက်နှာပြင်ကတော့ ၅.၂ လက်မ ရှိနိုင်ပါတယ်။ A စီးရီးထဲမှာ A7 ရဲ့မျက်နှာပြင်က ၅.၇ လက်မ ရှိနိုင်ပါတယ်။

Gear VR 2 နှင့် Gear VR 3

၂၀၁၇ ခုနှစ်မှာ Gear VR headset ဒုတိယနဲ့ တတိယမျိုးဆက်ကို ထုတ်မယ်ဆိုတဲ့ သတင်းတွေကို Samsung Electronics ဒုဥက္ကဋ္ဌ ဒေါက်တာဆန်ဟွန်းက အတည်ပြုခဲ့ပါတယ်။ ၂၀၁၆ မှာ ထွက်ခဲ့တဲ့ Gear VR က Oculus Rift VR ရဲ့ဒီဇိုင်းပုံစံကို ပြင်ဆင်ပြီး ထုတ်ထားတာပါ။ ၂၀၁၇ ခုနှစ် Gear VR ကို Microsoft HoloLens နဲ့ Magic Leap ကုမ္ပဏီရဲ့ VR ထုတ်ကုန်ပေါ် အခြေခံပြီး အဆင့်မြှင့်တင်ထုတ်လုပ်သွားမှာပါ။ အဲဒီ Gear VR ဟာ တကယ့်ကမ္ဘာနောက်ခံပတ်ဝန်းကျင်နဲ့ virtual reality ကို ပေါင်းစပ်ပေးနိုင်မှာပါ။

Gear S4 စမတ်နာရီ

Gear S4 ဟာ လာမယ့်နှစ်မှာ ထွက်ရှိနိုင်တဲ့အပြင် ယခင်ထုတ်ကုန်ထက်လည်း ပါးလွှာမယ်လို့ သိရပါတယ်။ ဝတ်ဆင်နိုင်တဲ့နည်းပညာထုတ်ကုန်တွေအတွက် Exynos 7 Dual 7270 ပရိုဆက်ဆာကို အမြောက်အမြား ထုတ်လုပ်မယ်လို့ အောက်တိုလမှာ Samsung ကကြေညာထားပါတယ်။ Galaxy S4 စမတ်နာရီမှာ အသုံးပြုထားနိုင်တဲ့ ပရိုဆက်ဆာဟာ S3 စမတ်နာရီထက် ဘက်ထရီအသုံးပြုမှု ၂၀ ရာခိုင်နှုန်း သက်သာလာမှာပါ။

Galaxy X

Samsung အနေနဲ့ ခေါက်ထားနိုင်တဲ့ စမတ်ဖုန်း မူပိုင်ခွင့်ကို ကိုင်ထားတာ ကြာပါပြီ။ ၂၀၁၇ ခုနှစ်ဟာ အဲဒီနည်းပညာထည့်သွင်းထားတဲ့ စမတ်ဖုန်း Galaxy X ကို မိတ်ဆက်နိုင်တဲ့ နှစ်တစ်နှစ်လည်း ဖြစ်ပါတယ်။ Galaxy X ဟာ အရွယ်အစားအပြည့် ဖုန်းဖြစ်ပြီး ကျစ်ကျစ်လျစ်လျစ်ဖြစ်အောင် ခေါက်ထားနိုင်ပါတယ်။ ဒါ့အပြင် Galaxy X မှာ ခေါက်ထားတဲ့ဖုန်းကို ဖြန့်လိုက်တဲ့အခါ အပြည့်အဝ အသုံးပြုနိုင်မယ့် မျက်နှာပြင်တစ်ခု ပါဝင်လာဖွယ် ရှိပါတယ်။ ဖုန်းရဲ့ display မှာ ပတ္တာပါဝင်တာကြောင့် ခေါက်ပြီး အလွယ်တကူ ပြန်ဖြန့်နိုင်ပါလိမ့်မယ်။

QLED တီဗီများ

CES 2017 ပြပွဲမှာ Samsung က quatum dot display အသုံးပြုထားတဲ့ တီဗီတွေ ထုတ်ဖော်ပြသနိုင်ပါတယ်။ QLED (quantum dot based light emitting diodes) အမည်ရ တီဗီတွေဟာ ယခင်မော်ဒယ်ထက် 1,500 nits အထိ အလင်းထုတ်လုပ်ပေးပြီး စွမ်းဆောင်ရည် ၅၀ ရာခိုင်နှုန်း ပိုကောင်းလာပါတယ်။

Galaxy J series

Samsung ရဲ့ဈေးသက်သာတဲ့စမတ်ဖုန်းတွေဖြစ်တဲ့ J1, J2, J3 နဲ့ J7 တွေလည်း နောက်နှစ်မှာ ထွက်ရှိလာနိုင်ပါတယ်။ အဲဒီစမတ်ဖုန်းတွေမှာ ဘက်ထရီပိုကြီးမားလာနိုင်ပါတယ်။ လက်ရှိ စမတ်ဖုန်းတွေမှာ ပါတဲ့ Snapdragon 430 နဲ့ 6750 ပရိုဆက်ဆာတွေနေရာကို Qualcomm ရဲ့ပရိုဆက်ဆာသစ်တွေနဲ့ အစားထိုးဖွယ်ရှိပါတယ်။

Internet Journal

No comments: