Thursday, December 29, 2016

ရိုက်ရဲလားမေးသူ အရိုက်ခံရ၍ သေဆုံး

မြိတ်၊ ဒီဇင်ဘာ ၂၈

အရက်အတူသောက်ပြီး စကားများကာ ‘ရိုက်ရဲလား’ မေးရာမှ လူသတ်မှုတစ်ခု မြိတ်မြို့ သမုတ်ကျေးရွာအုပ်စု လိမ်ကယ်ကျေးရွာတွင် ဒီဇင်ဘာလ ၂၆ ရက်က ဖြစ်ပွားခဲ့ရကြောင်း ယင်းမြို့နယ် ရဲစခန်းမှ သိရသည်။

ယင်းကျေးရွာနေ အမျိုးသားနှစ်ဦးသည် အရက်အတူသောက်ကြပြီး နောက်ပြောင်ကျီစယ်ရာမှ စကားများ ရန်ဖြစ်ကြသည်။ 

ယင်းသို့ စကားများစဉ် တစ်ဦးက ‘မင်းငါ့ကို ရိုက်ရဲလား’ ဟု မေးရာ အမေးခံရသူက အနီးရှိ အရှည် ၃ ပေ၊ လုံးပတ် ၃ လက်မခန့်ရှိ ဝါးတုတ်ပိုင်းဖြင့် ဦးခေါင်းနောက်စေ့ကို ၄ ချက် ရိုက်ခဲ့ကြောင်း ရဲစခန်း မှတ်တမ်းအရ သိရသည်။

အရိုက်ခံရသူမှာ ဦးခေါင်းနောက်စေ့တွင် အရှည်တစ်လက်မခန့်၊ အနက်လက်မဝက်ခန့် ကွဲအက်ဒဏ်ရာ တစ်ချက်၊ နောက်စေ့အောက်တွင် ဖူးရောင်ဒဏ်ရာ ၂ ချက် ရရှိခဲ့ပြီး မြိတ်ဆေးရုံကြီးတွင် သေဆုံးသွားခဲ့ကြောင်း မြိတ်မြို့ရဲစခန်းမှ သိရသည်။

လက်ရှိတွင် ဝါးတုတ်ပိုင်းဖြင့် ရိုက်ခဲ့သူအား သမုတ်ရဲစခန်းက (ပ)၀၈/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း ယင်း ရဲစခန်းမှ သိရသည်။

No comments: