Saturday, December 24, 2016

စင်ကာပူတွင် တားမြစ်လိုက်သည့် ဦးအန့်၏ အနန္တသုခ ဆီးချို၊ သွေးချိုကျဆေး မြန်မာတွင် ရောင်းချဆဲ

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

စင်္ကာပူနိုင်ငံတွင် တားမြစ်လိုက်သည့် ဦးအန့်၏ အနန္တသုခ ဆီးချို၊ သွေးချိုကျဆေးကို မြန်မာနိုင်ငံတွင် ရောင်းချနေဆဲဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ဆေးဆိုင်ကြီးများထံမှ စုံစမ်း သိရှိရသည်။

မြန်မာ့ တိုင်းရင်းဆေး အမှတ်တံဆိပ် တစ်ခုဖြစ်သည့် ဦးအန့်၏ အနန္တ သုခ ဆီးချို၊ သွေးချိုကျဆေးကို ဝယ်ယူခြင်း၊ သောက်သုံးခြင်း မပြုရန်ွှ့နံနေူအှ့ခငနညခနျ ဗကအ့သမငအပ(ှံဗ)က သတိပေးထားကြောင်း စင်ကာပူ အခြေစိုက် The Health Sciences Authority(HSA) သတင်း ဝက်ဘ်ဆိုက်တွင် ဒီဇင်ဘာလ ၂၂ ရက်နေ့က ထုတ်ဖော် ရေးသားခဲ့သည်။

အသက် ၆ဝ အရွယ် အမျိုးသမီး တစ်ဦးက ဦးအန့်၏ အနန္တသုခ ဆီးချို၊ သွေးချိုကျဆေးကို သုံးလခန့် သောက်သုံးခဲ့ပြီးနောက် လည်ချောင်း နာခြင်း၊ ပင်ပန်းလာခြင်းတို့ကြောင့် ဆရာဝန်ထံ ပြသခဲ့ရပြီး အဆိုပါ အမျိုးသမီးတွင် သွေးဖြူဥ ဆဲလ်တစ်မျိုး မရှိသလောက် နည်းပါးသည့် သွေးရောဂါ (Agr-anulocytosis) ဖြစ်ပွားနေကြောင်း The Health Sciences Authority (HSA) က ထုတ်ပြန်ခဲ့သည်။

HSA က အနန္တသုခ ဆီးချို၊ သွေးချိုကျဆေးကို ဓာတ်ခွဲပြီးနောက် ဆေးဘူးတွင် ဖော်ပြမထားသည့် Gliben-clamide နှင့် Yohimbine ပါဝင်နေသည်ကို တွေ့ရသည်။ Yohimbine ကြောင့် အိပ်မပျော်ခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ချွေးထွက်ခြင်း၊ အမြင်အာရုံ ဝေဝါးခြင်းတို့ ဖြစ်စေသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆေးဘူးတွင် ဖော်ပြပါရှိသည့် ဦးအန့်၏ အနန္တသုခ ဆီးချို၊ သွေးချိုကျဆေး၏ ဖုန်းနံပါတ် နှစ်လုံးကို The Voice က ဒီဇင်ဘာလ ၂၃ ရက်နေ့က ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ခြင်း မရှိခဲ့ပေ။

ဦးအန့်၏ အနန္တသုခ ဆီးချို၊ သွေးချိုကျဆေးကို တစ်ဘူးလျှင် ကျပ် ၁၄ဝဝ ဖြင့် ရန်ကုန်မြို့ရှိ ဆေးဆိုင်များတွင် ရောင်းချနေဆဲ ဖြစ်သည်။

တိုင်းရင်းဆေးဝါးကို သဘာဝ သစ်ဖုများဖြင့် ဖော်စပ်ခြင်း ဖြစ်သည့်အတွက် ဓာတုပစ္စည်းများ ပါဝင်ပါက စီမံခန့်ခွဲမှု နည်းအရ ဆေးထုတ်လုပ်မှုကို ပိတ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဝင်းလွင်က ရှင်းပြသည်။

“မြန်မာဆေးဆိုတာက သစ်မြစ်၊ သစ်ဖုနဲ့ ထုတ်တာ၊ Chemical ပါတယ်ဆိုရင် တရားမဝင်ဘူး”ဟု ဒေါက်တာ ဝင်းလွင်က ဆိုသည်။

၂ဝ၁၆ ခုနှစ်တွင်းကပင် တိုင်းရင်းဆေးဝါးများကို စစ်ဆေးရာတွင် အချို့မှာ အနောက်တိုင်းဆေးများ ရောနှောထားသည်ကို တွေ့ရှိရပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အများပြည်သူကို ထုတ်ပြန် ကြေညာ ပေးခဲ့သည်။ ၎င်းတို့တွင် မှတ်ပုံတင်ထားခြင်း မရှိသည့် ဆေးများအပြင် ဆေးဝါး မှတ်ပုံတင်ထားသည့် ဆေးဝါးများလည်း ပါဝင်နေသည်။

တိုင်းရင်းဆေးဝါးများတွင် မှတ်ပုံတင်ထားခြင်း မရှိသည့် ဆေး၊ ဆေးဝါး အတု၊ စံမညီ တိုင်းရင်းဆေးဟူ၍ သုံးစွဲရန် မသင့်သည့် တိုင်းရင်းဆေးပေါင်းစုံရှိပြီး ယင်းဆေးဝါးများကို ထုတ်လုပ် ဖြန့်ဖြူး ရောင်းချပါက တိုင်းရင်းဆေး ဥပဒေဖြင့် တရားစွဲဆို  အရေးယူလျက် ရှိသည်။

The voice

No comments: