Friday, December 16, 2016

ကျောင်းအတွင်း အနိုင်ကျင့်ဗိုလ်ကျစော်ကား လူမျိုးရေး၊ ဘာသာရေးခွဲခြား မုန်းတီးမှုပြုလုပ်နေခြင်းအပေါ် တိုင်ကြားခြင်းအား သက်ဆိုင်ရာများ ၀ိုင်းဝန်းဖုံးဖိ ®®®®®®®®®®®®®®®®®®®®®®®®®®


မင်္ဂလာတောင်ညွန့်မြို့နယ် ၊ အမက(၁၄) မူလွန် ၊ KG-C ဆရာမဒေါ်နိုင်နိုင်ဦး အတန်းတွင် ပညာသင်ကြားနေသော မောင်မြတ်ဂင်္ဂါအောင် (ဗုဒ္ဓဘာသာ)အား အတန်းတွင် အတန်းတူကျောင်းသား မောင်စိုးမင်းကို (အစ္စလာမ်ဘာသာဝင်) ကလေးငယ်က မင်းတို့ဗမာတွေနဲ့ ငါတို့မရောဘူးသွားကွာ စသဖြင့် ဘာသာသာရေး လူမျိုးရေး ခွဲခြားပြောဆို၍ အကြိမ်ကြိမ်နှိပ်စက် စော်ကားမှုများအပေါ် မြို့နယ်အဆင့်၊ ခရိုင်၊ တိုင်းအဆင့်မှ ၀ိုင်းဝန်းဖုံးဖိနေကြကြောင်း ဆရာတော်ဦးဝီရသူထံ မောင်မြတ်ဂင်္ဂါအောင်၏ မိခင်မှ အကူအညီတောင်းခံထားချက်များအရ သိရသည်။
မောင်မြတ်ဂင်္ဂါ၏ မိခင်ဖြစ်သူ ဒေါ်မိမိခင်မှ ကျောင်းဖွင့်ပြီး (၄)ရက်မြောက်နေ့တွင် ဘယ်ဘက်ပုခုံးကို ကိုက်ခဲ့သဖြင့် ပေါက်ပြဲဖူးယောင်ခြင်း၊ နောက်ရက်များတွင်လည်း ထိုးကြိတ်ခြင်းကြောင့် အညိုအမဲ ဖူးရောင်ဒဏ်ရာများရလာခြင်း၊ အစ္စလာမ်ဘာသာဝင် မောင်စိုးမင်းကိုမှ မောင်မြတ်ဂင်္ဂါ၏ ရင်ဝကို ကန်ခဲ့ရာ ဆေးခန်းသွားပြရာ အစာအိမ်ယောင်သွားခဲ့ခြင်း၊ လူမျိုးရေးခွဲခြားပြောဆိုကြိမ်းမောင်းပြီး အနောက်မှ စောင့်တွန်းခြင်းကြောင့် မောင်မြတ်ဂင်္ဂါအောင် ချော်လဲ၍ သွားတစ်ချောင်းကျိုးခဲ့ရခြင်းများကို ဖော်ပြ၍ မြို့နယ် ပညာရေးမှူးရုံးသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ဒေါ်မိမိခင်၏ တိုင်ကြားစာတွင် မောင်စိုးမင်းကို မှ မောင်မြတ်ဂင်္ဂါအောင်၏ မျက်လုံးနှစ်လုံးကြား နှဖူးတွင် အချွန်ဖြင့်ထိုးသောကြောင့် အသားများပဲ့ပြီး ကြီးမားဒဏ်ရာရခဲ့ကြောင်း၊ ထိုအနာပျောက်ပြီး (၂)ရက်ခန့်အကြာတွင် ထပ်မံ၍ ညာဘက်ပါးတစ်လျှောက်အချွန်ဖြင့်ထိုးကာ စွဲခြစ်သဖြင့် မျက်နှာတွင် ကြီးမားဒဏ်ရာ ရခဲ့ကြောင်း၊ ထိုသို့ဖြစ်ပွားခဲ့မှုများအား အတန်းပိုင်ဆရာမဖြစ်သူ ဒေါ်နိုင်နိုင်ဦးထံ သွားရောက် အသိပေးတိုင်ကြားသော်လည်း မည်သို့မျှ အရေးယူဆောင်ရွက်ခြင်း မရှိသည့်အပြင် မောင်မြတ်ဂင်္ဂါအောင် အား အညိုအမဲစွဲအောင် ထပ်မံရိုက်နှက်ခဲ့သည်ဟု မြို့နယ်ပညာရေးမှူးထံ တင်ပြတိုင်ကြားထားခြင်းဖြစ်သည်။
အဆိုပါကိစ္စကို ကြားသိရပြီး အမျိုးသားရေးလှုပ်ရှားသူများက သွားရောက်စုံစမ်းခဲ့ရာ ဘာသာရေး၊ လူမျိုးရေး အမုန်းစကားများပြော၍ စော်ကားနေသူ မောင်စိုးမင်းကိုမှာလည်း အစ္စလာမ်ဘာသာဝင်ဖြစ်ပြီး ဆရာမ ဒေါ်နိုင်နိုင်ဦး ဆိုသူမှာလည်း အစ္စလာမ်ဘာသာဝင်ဖြစ်နေပြီး ဆရာမ၏ လုပ်ရပ်များသည် မှားယွင်းနေခြင်းကြောင့် မျိုးချစ်သွေးကွန်ယက် မှ ဦးဆောင်၍ ဒေါ်မိမိခင်တို့ သားအမိအား ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
ဒေါ်မိမိခင်၏ တိုင်ကြားစာတွင် ၂၀၁၆ခုနှစ်၊ ၁၁လပိုင်း နောက်ဆုံးအပတ်တွင်လည်း စိုးမင်းကို မှ မောင်မြတ်ဂင်္ဂါအောင်အား  မင်းတို့ဗမာတွေနဲ့ ငါတို့မရောဘူး၊ သွားကွာ ဟု လူမျိုးရေး၊ ဘာသာရေး ခွဲခြားပြောဆိုပြီး ရင်ဘတ်ကို စောင့်တွန်းရာ မောင်မြတ်ဂင်္ဂါအောင်မှာ စားပွဲစောင်းနှင့် စောင့်မိပြီး နောက်စေ့တွင် ညိုမဲဖူးယောင်၍ပြီး ခေါင်းမူ၍ အန်သည်အထိ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုအခြေအနေကို ဆရာမဖြစ်သူ ဒေါ်နိုင်နိုင်ဦး အား ထပ်မံ၍ ပြောပြရာ ရိုင်းစိုင်းစွာ စော်ကားသည့် စိုးမင်းကိုအား မဆုံးမဘဲ မောင်မြတ်ဂင်္ဂါအောင် ကိုပင် ထပ်မံရိုက်နှက်ပြန်သည်ဟု သိရသည်။
၅-၁၂-၂၀၁၆ရက်နေ့တွင် ကျောင်းကပွဲရှိသဖြင့် မောင်မြတ်ဂင်္ဂါအောင်အား ပြင်ဆင်ပေးပြီး ကျောင်းကို လွှတ်လိုက်ရာ မောင်စိုးမင်းကိုမှ ထပ်မံရန်စစော်ကားပြန်သဖြင့် ဒေါ်နိုင်နိုင်ဦးထံ သွားရောက်၍ မောင်စိုးမင်းကို၏ မိဘများနှင့် တွေ့ဆုံဆွေးနွေးခွင့်တောင်းခဲ့ရာ ဒေါ်နိုင်နိုင်ဦးက စိုးမင်းကို၏ မိဘများက ဆိုးသွမ်းသူများဖြစ်သဖြင့် နင်ဒုက္ခရောက်သွားမယ်၊ နင်ကအဆင့်မရှိဘူး၊ ထွက်သွား ဟုဆိုကာ တွန်းထုတ်ပြီး မောင်မြတ်ဂင်္ဂါအောင်အား ဘလောင်းဘလဲပြောသည်ဟုဆိုကာ အသေရိုက်သတ်ပစ်မည်ဟုလည်း ဆရာမဖြစ်သူ ဒေါ်နိုင်နိုင်ဦးမှ ပြောဆိုကြောင်း ထည့်သွင်းတိုင်ကြားထားသည်။
ထို့နောက် အတန်းပိုင်ဆရာမ ဒေါ်နိုင်နိုင်ဦးက ကျောင်းသား မောင်မြတ်ဂင်္ဂါအောင်၏ မိခင်ထံ ဖုန်းဆက်၍ တောင်းပန်ပါတယ်ဟု ပြောပြီး "ဒါကို မကျေနပ်ရင် ကြိုက်တာဆက်လုပ် ၊ နင်မှားသွားလိမ့်မယ်၊ စိုးမင်းကိုရဲ့ မိဘတွေကလည်း ငြိမ်ခံမှာ မဟုတ်ဘူး" ဟု ခြိမ်းခြောက်ပြောဆိုကြောင်း တင်ပြတိုင်ကြားထားခြင်း ဖြစ်သည်။
အဆိုပါအမှုကိစ္စနှင့် ဆက်လျဉ်း၍ ပညာရေးဌာနမှ မြို့နယ်အဆင့်၊ ရခိုင်အဆင့်၊ တိုင်းအဆင့်အထိ ရောက်သွားသော်လည်း နစ်နာသူကိုလည်း ကူညီဆောင်ရွက်ပေးခြင်းမရှိ၊ ရိုင်းစိုင်းသော ကျောင်းသားနှင့် ဆရာမ မပီသသော ဆရာမကို အရေးယူဆောင်ရွက်ခြင်းလည်း မရှိသေးပေ။
ထိုအခြေအနေကို ဒေါ်မိမိခင်မှ ဆရာတော်ဦးဝီရသူထံ လျောက်ထားရာတွင် "အမှုမဖွင့်ဖို့ အုပ်ချုပ်ရေးက လူကြီးတွေက သူတို့တောင်းပန်ပါတယ်၊ နောက်ဖြစ်လာမယ့် ပြဿနာတွေကို ဘာမှမဖြစ်အောင် သူတာဝန်ယူပါတယ်လို့ပြောတယ်၊ တပည့်တော်လည်း ဆေးရုံပြန်တက်ခဲ့ပါတယ်။ နောက်နေ့ကျတော့ ကျောင်းအုပ်နဲ့ ပညာရေးမှူးရောက်လာပါတယ်၊ ပညာရေးမှူးက ကိုတင်လင်းထိုက်တို့ဟာ ဘယ်အဖွဲ့အစည်းကလည်းလို့ မေးပါတယ်၊ မျိုးချစ်တွေလို့ ပြောလိုက်ပါတယ်၊ ဒါကိုမေးပြီး ဘာမှမပြောတော့ဘဲ နှုတ်တောင်မဆက်ဘူး၊ အရေးကြီးတယ် သွားမယ် သွားမယ် ဆိုပြီး ထွက်သွားကြပါတယ်။" ဟု လျှောက်ထားသည်။
ခရိုင်နှင့် တိုင်းအဆင့် ပညာရေးဌာနမှ လူကြီးများ၏ ဆောင်ရွက်မှုနှင့် ပတ်သက်၍ "ပညာရေး ခရိုင်လူကြီးတွေ ရောက်လာပါတယ်၊ သမီးရဲ့သားလေးကို လူကြီးတွေ ၀ိုင်းမေးကြပါတယ်၊ ခလေးလည်း သူ့ကိုလုပ်တဲ့သူကို ပြောပြတယ်၊ နောက်တစ်နေ့ သမီးကို ပညာရေးမှူးရုံး လာဖို့ ပြောပါတယ်၊ မနက် ၉နာရီလောက် သွားတယ်၊ မျိုးချစ်အဖွဲ့ ၃၀ ထက်မနည်း ရောက်လာပြီး သမီးကို အားပေးကြတယ်၊ မနက် ၁၁ နာရီအထိ ဖြစ်စဉ်ကို မေးပါတယ်၊ ဘာအကူအညီပဲဖြစ်ဖြစ် တောင်းပါ ဒဂုံ(၁)ကျောင်း ထားမလား၊ သူလုပ်ပေးနိုင်တယ်လို့ တိုင်းလူကြီး ဦးစိုးသိုက်က ပြောပါတယ်၊ သမီးခလေးကို ကျောင်းပြောင်းမယ်၊ ဒီကျောင်းမှာ ဆက်ထားဖို့ စိတ်မချဘူး၊ သမီး လူကြီးတွေနဲ့ တိုင်ပင်တယ်၊ မိတ်ဆွေတွေက ဒဂုံ(၁)မှာ သူလုပ်ပေးနိုင်တယ်ဆိုရင် ကျောင်းပြောင်းလိုက်လို့ ပြောကြတယ်၊ သမီးကို ပြောတဲ့ ဦးစိုးသိုက်ဆီ စာသွားပို့တော့ ရုံးတံခါး ပိတ်ထားတယ်၊ အပြင်မှာတော့ ရှိ လို့ ရေးထားပါတယ်၊ သမီးလည်း ဖုန်းဆက်ပြီး ကလေးကျောင်းပြောင်းလာခဲ့ပါတယ်လို့ ပြောတယ်၊ အမှုစစ်နေလို့ တွေ့မရကြောင်း၊ လူကြီးတစ်ယောက်လွှတ်ပေးလိုက်မယ်ဟု ပြောပါတယ်၊ အဲဒီအချိန်မှာ ဦးမောင်ကျယ်ရောက်လာပါတယ်၊ ခရိုင်လူကြီးဖြစ်ပါတယ်၊ သူ့ကို စကားပြောလို့ ရကြောင်း သမီးကိုပြောတယ်၊ သမီးလည်း ကလေးကို ဒီလိုအဖြစ်ဆိုးတွေ ဖြစ်တဲ့အတွက် စိတ်မချဘူး၊ ကျောင်းပြောင်းချင်ကြောင်း ပြောပြတယ်၊ ခရိုင်လူကြီးက သူ့အပိုင်ပဲ ကျောင်းပြောင်းလို့ရကြောင်း၊ ယခုအမှုကိုလည်း အချိန်ယူပြီး စစ်ရမည်၊ သက်သေခိုင်လုံမှု၊ ချမှတ်တဲ့အရာကိုလည်း အချိန်ယူ ပြုလုပ်မည်၊ အချိန် ၁နာရီခွဲခန့်တွင် ဦးစိုးသိုက်ဖုန်းလာတယ်၊ ဒဂုံ(၁)ကို ပြောင်းရွှေ့မရကြောင်း၊ လူပြည့်နေတယ်လို့ ပြောပါတယ်၊ ဒါဆို သမီးဘာလုပ်ရမလဲဟု ပြောရာ ကိုယ့်ဘာသာ ကျောင်းရှာပါတဲ့" ဟု ပြောဆိုကြောင်း လျှောက်ထားတင်ပြထားသည်။
ဘာသာရေး၊ လူမျိုးရေး စော်ကားမှုများ ဖန်တီးလုပ်ဆောင်နေမှုများကို အရေးယူတားမြစ်ခြင်း မရှိသည့်အပြင် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသော စကားကို လွယ်လွယ်ပြော ၊ လွယ်လွယ်ဖျက်နေသူများကြောင့် ဒေါ်မိမိခင်တို့ သားအမိမှာ ကူညီဆောင်ရွက်ပေးနိုင်သူများကို ဆက်သွယ်အကူအညီတောင်းခံနေကြရခြင်းဖြစ်သည်။
ဒေါ်မိမိခင် ဆေးရုံတက်နေရစဉ် ဆေးစာအုပ်ကိုပင် ဆေးရုံလာ၍ ဆရာမကိုယ်တိုင်က လုယူကြောင်း သိရသည်။

နောင်တော်လေး
သမိုင်းသစ်မဂ္ဂဇင်း

No comments: