Tuesday, December 27, 2016

အမျိုးသမီးငယ်တစ်ဦး ဆီးပင်တွင် ကြိုးဆွဲချသေဆုံး




မြိုင် ဒီဇင်ဘာ ၂၇

မြိုင်မြို့နယ် ရွာသစ်ကြီးကျေး ရွာတွင် ဒီဇင်ဘာလ (၂၆)ရက်နေ့ ညနေပိုင်းက အမျိုးသမီးငယ်တစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့မှုနှင့်ပတ်သက်၍ ဦးလေး ဖြစ်သူက တိုင်ကြားအမှုဖွင့်ခဲ့ ကြောင်း မြိုင်မြို့မရဲစခခန်းမှ သိရ သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၁နာရီက ရွာသစ်ကြီးကျေးရွာနေ ဒေါ်ကြည်ဆိုင်သည် ၄င်း၏သမီး ဖြစ်သူ မကြည်မာလင်း(၂၁နှစ်)နှင့် အတူ နေအိမ်၌အတူထမင်းစားခဲ့ပြီး နောက်သမီးဖြစ်သူမကြည်မာလင်း မှာနေအိမ်တွင်းခုတင်ပေါ်တွင် အိပ် နေစဉ်ဒေါ်ကြည်ဆိုင်သည်ယာတော သို့ မြေပဲကောက်သွားခဲ့ပြီး ညနေ ၅နာရီတွင် နေအိမ်သို့ ပြန်လည် ရောက်ရှိစဉ်သမီးဖြစ်သူအားမတွေ့ ရှိခဲ့၍ တဲအနီးတွင်နေထိုင်သည့် မောင်ဖြစ်သူ ဦးဝင်းတင့်(၅၁နှစ်) အားလှမ်းခေါ်၍ သမီးဖြစ်သူအား ရှာဖွေခဲ့ရာတဲ၏အရှေ့မြောက်ဘက် ပေ ၁ဝဝ ခန့်အကွာရှိ ဆီးပင်တွင် တူမဖြစ်သူ မကြည်မာလင်းအား အရှည်ငါးတောင်တစ်မိုက်ခန့်၊ လုံး ပတ်တစ်မတ်လုံးခန့်ရှိ နွားချည် ကြိုး ပြာစိမ်းရောင်ဖြင့် ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း တရားလို၏တိုင်ကြား ချက်အရသိရသည်။

 ယင်းအမျိုး သမီးငယ် သေဆုံးခဲ့ခြင်းနှင့် ပတ် သက်၍ဦးလေးတော်စပ်သူ ဦးဝင်း တင့်ကတရားလိုပြုတိုင်ကြားခဲ့၍ မြိုင်မြို့နယ် မြို့မရဲစခန်းက သေမှု သေခင်းအမှတ်စဉ်၇/၂ဝ၁၆ ဖြင့် အမှုဖွင့်ထားသည်။

ကျော်ဇေယျ(မကွေး)
The Union Daily

No comments: