Wednesday, December 28, 2016

ကုလ လုံခြံရေးကောင်စီတွင် မြန်မာအရေး တံခါးပိတ်ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ဟု ဆို



Posted: December 28, 2016

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေးနှင့် ပတ်သက်ပြီး တံခါးပိတ် အစည်းအဝေး ပြုလုပ်ခဲ့သည်ဟု ကုလအခြေစိုက် ICP သတင်းမှ သိရသည်။ သို့သော် အမေရိကန်က အစည်းအဝေး ဆုံးဖြတ်ချက် ထွက်ပေါ်ရန် မရှိသည့် အစည်းအဝေးကိုသာ ပြုလုပ်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။

ထိုသည်မှာ အဆိုပါ အစည်းအဝေးမှ မြန်မာနိုင်ငံကို ဆုံးဖြတ်ချက် ရယူခြင်း ကြေငှာချက် ထုတ်ပြန်ခြင်း တစ်စုံတစ်ရာ မပြုလုပ်ရန် အမေရိကန်နိုင်ငံက ကြိုတင် အာမခံချက် ရယူခဲ့ခြင်း ဖြစ်သည်ဟု လုံခြုံရေးကောင်စီ အစည်းအဝေးများနှင့် အကျွမ်းတ၀င်ရှိသည့် သတင်းရပ်ကွက်ကို မှီငြမ်းရေးသား ထားသည်။

ထိုသည်က လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်ဖြစ်သည့် အမေရိကန် တရုတ်နှင့် ရုရှားတို့က ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် မြန်မာအစိုးရအား ဖိအားမပေးပဲ ဘက်လိုက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့အချို့က ပူးတွဲကြေငှာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

ဘန်ကီမွန်း၏ အထူးသံတမန် ဖြစ်သူ ဗီဂျေးနမ်ဘီးယားက လုံခြုံရေးကောင်စီကို ရခိုင်ဒေသနှင့် ပတ်သက်သည့် အချက်အလက်များကို တင်ပြဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စွပ်စွဲချက်အများအပြားကြား မြန်မာနိုင်ငံအား ပြသ၁နာများကို ဖြေရှင်းနိုင်ရန် အချိန်ပေးစောင့်ကြည့်ရန် မစ္စတာနမ်ဘီးယားက လုံခြုံရေးကောင်စီအား အကြံပေးကြောင်း Inner City Press တွင် ပြောသည်။

ကုလသမဂ္ဂအနေဖြင့် နမ်ဗီးယား၏ တင်ပြမှု အပြည့်အစုံကို ထုတ်ပြန်ရန် ငြင်းဆိုခဲ့ပြီး အထူးသံတမန်ရာထူးအတွက် သက်တန်းကုန်သွားသည့် မစ္စတာနမ်ဗီးယား နေရာအတွက် အစားထိုး ခန့်အပ်ရန် အစီအစဉ် မရှိသေးကြောင်း ဆိုခဲ့သည်။

“အထူးသဖြင့် ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော်တို့မှာ စိုးရိမ်ပူပန်မှုတွေ ရှိပါတယ်။ မြန်မာအစိုးရနဲ့ ကုလအဖွဲ့တွေ အကြား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့တွေ လက်ခံရေးကိစ္စ ဆွေးနွေးရာမှာ အချို့ကိစ္စတွေမှာ အခြေအနေ ကောင်းတာတွေရှိပါတယ်။ အချို့ဆိုတာကတော့ ဆေးကုသရေးကိစ္စတွေ ပြန်လည်ဖွင့်ပေးတာ ဖြစ်ပါတယ်” ဟု ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် စတီဖင် ဒူဂျာရစ် က သတင်းထောက်များကို ပြောသည်။

SH

The Ladies News

No comments: