Wednesday, December 28, 2016

ဟံသာဝတီလေဆိပ်စီမံကိန်းစာချုပ်ကို ၂၀၁၇ ဖေဖော်ဝါရီကုန်မှသာ ချုပ်ဆိုနိုင်မည်ဟုဆို

ဟံသာဝတီလေဆိပ် စီမံ ကိန်းလုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီနှင့် စီမံကိန်းစတင်ရေးစာချုပ် ကို မူလက ဒီဇင်ဘာတွင် ချုပ်ဆို ရန် ခန့်မှန်းထားသော်လည်း ဆွေး နွေးညှိနှိုင်းမှုများ မပြီးပြတ်သေး၍ လာမည့်နှစ် ဖေဖော်ဝါရီလကုန် မှသာ စာချုပ်ချုပ်ဆိုနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ 

‘‘အခုက တင်ဒါအောင်ထား တဲ့ ကုမ္ပဏီနဲ့ ဆွေးနွေးမှုတွေမပြီး သေးဘူး။ ဆွေးနွေးညှိနှိုင်းမှုတွေ က နောက်ထပ် နှစ်ကြိမ်လုပ်ရမယ်။ တစ်ကြိမ်ကို တစ်လလောက်ကြာ မှာ ဖြစ်တဲ့အတွက် ဖေဖော်ဝါရီအကုန်လောက်မှ စာချုပ်ချုပ်ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်’’ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးရဲထွဋ်အောင်က ပြောကြားသည်။ 

 ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ်တည်ဆောက် ရေးစီမံကိန်းအတွက် ဗဟိုကော်မ တီ၊  လုပ်ငန်းကော်မတီအပါအဝင် ကော်မတီသုံးရပ် ဖွဲ့စည်းဆောင် ရွက်နေပြီး အဆိုပါတင်ဒါအောင် ထားသည့် ကုမ္ပဏီနှင့် တည်ဆောက်ရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ဆဲဖြစ်ကြောင်း  ဦးရဲထွဋ်အောင်က ဆက်လက်ပြောကြားခဲ့ သည်။ 

တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီနှင့် စီမံကိန်းတည်ဆောက် ရေးဆိုင်ရာ သဘောတူစာချုပ်ချုပ် ဆိုပြီးမှသာ ဆောက်လုပ်ရေးလုပ် ငန်းများစတင်ဆောင်ရွက်နိုင်မည် ဖြစ်သည်။ 

ယင်းစီမံကိန်းသည် ၂၀၁၂ က စတင် တင်ဒါခေါ်ယူဆောင် ရွက်သည့် အစိုးရ၊ ပုဂ္ဂလိကပူး ပေါင်းဆောင်ရွက်သော PPP စနစ်ကို အခြေခံသည့်စီမံကိန်းဖြစ် သည်။ မြန်မာနိုင်ငံ၏အကြီးမား ဆုံး လေဆိပ်စီမံကိန်းဖြစ်လာမည့် ဟံသာဝတီလေဆိပ်ကို GC- Yongnam-Changi Airport International Consortium က တင်ဒါအောင်မြင်ထားသည်။ 

ပဲခူးမြို့ ကျောက်တိုင်ကန် ရွာအနီးရှိ ယခင်ဒုတိယကမ္ဘာစစ် ဂျပန်ခေတ်က  လေဆိပ်သဖွယ်အသုံးပြုခဲ့သော မြေဧက ၉၀ ကျော်တွင် အကောင်အထည်ဖော်မည့် ဟံသာဝတီလေဆိပ် စီမံကိန်းသည် အမေရိကန် ဒေါ်လာ ၁  ဒသမ၄ ဘီလီယံကုန် ကျနိုင်ဖွယ်ရှိကြောင်းစီမံကိန်း လုပ်ကိုင်မည့် ကုမ္ပဏီက ခန့်မှန်းသည်။ 

မူလက ဟံသာဝတီလေဆိပ် စီမံကိန်းကို ၂၀၁၆ တွင် စတင်ရန် မျှော်မှန်းသော်လည်း ကုမ္ပဏီရွေး ချယ်မှုအပိုင်း၌ ကြန့်ကြာနေ၍ ၂၀၁၇ မှသာ စတင်နိုင်မည်ဖြစ်သည်။ 

7day

No comments: