Tuesday, December 27, 2016

မြစ်ကြီးနားမြို့၌ အပြစ်မဲ့ပြည်သူ ၄ ဦး မိုင်း ထိမှန်ဒဏ်ရာရ



ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ ၃ နာရီ တွင် မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်နေ ဦးဗျာလေးနှင့် ၄ ဦး တို့သည် မြစ်ကြီးနားမြို့မှ အနောက်တောင်ဘက် ၃၂ မိုင် ခန့်အကွာ၊ မလဲကျေးရွာအနီးရှိ တောင်ယာ၌ လုပ်ကိုင်ပြီး မလဲ ကျေးရွာသို့ ပြန်လာစဉ် မိုင်း ၂ လုံးအား တိုက်မိရာမှ ပေါက်ကွဲခဲ့ပြီး မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

ဒဏ်ရာရရှိသူများအား ရွှေစက်ရပ်ကွက် လူမှုကူညီရေးအဖွဲ့၏ အကူအညီဖြင့် ည ၇ နာရီ ၃၀ တွင် မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

No comments: