Thursday, December 29, 2016

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို ထောင်ဒဏ် နှစ် ၂၀ ချ

မိတ္ထီလာ၊ ဒီဇင်ဘာ ၂၉

မန္တလေး တိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်ရှိ ရက်ကန်းရုံ တစ်ခုတွင် အသက် ၁၁ နှစ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်မှုနှင့် ပတ်သက်၍ မိတ္ထီလာ ခရိုင်တရားရုံးတွင် ဒီဇင်ဘာလ ၂၈ ရက်နေ့က အသက် ၃၂ နှစ်အရွယ်ရှိ ရက်ကန်းလုပ်သား စောလွင်မိုးကို သက်ငယ်မုဒိမ်း ကျူးလွန်မှုဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ကြောင်း အဆိုပါ တရားရုံးထံမှ စုံစမ်းသိရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့က ရက်ကန်း လုပ်ငန်းပိုင်ရှင်၏ သမီးဖြစ်သူကို သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်း ဖြစ်ပြီး ဝမ်းတွင်းမြို့မရဲစခန်းက (ပ)၂၀၁/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ(၃၇၆) ဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

အဆိုပအမှုကို မိတ္ထီလာ ခရိုင်တရားရုံးက ရာဇသတ်ကြီး အမှုအမှတ်(၅၅) ဖြင့် ကြားနာ စစ်ဆေးရာတွင် စောလွင်မိုးသည် ဇနီး၊ သမီးတို့နှင့်အတူ ဝမ်းတွင်းမြို့နယ်ရှိ ရက်ကန်းရုံ လုပ်ငန်း တစ်ခုတွင် နေထိုင်ကာ အလုပ် လုပ်ကြောင်း၊ ထိုသို့နေထိုင်စဉ် ရက်ကန်းရုံပိုင်ရှင်၏ သမီးဖြစ်သူ အရွယ် မရောက်သေးသော မိန်းကလေးကို သုံးကြိမ်တိုင်တိုင် သားမယား ပြုကျင့်သည်ဟု ပေါ်ပေါက်ခဲ့သည့်အတွက် ရာဇသတ်ကြီးပုဒ်မ (၃၇၆)အရ အလုပ်နှင့် ထောင်ဒဏ်နှစ်၂၀ ချမှတ်လိုက်ကြောင်း ယင်းတရားရုံးထံမှ စုံစမ်း သိရှိရသည်။

The voice

No comments: