Wednesday, December 28, 2016

ရန်ကုန်တောင်ပိုင်းခရိုင်တွင် အထူးစီးပွားရေးဇုန်နှင့် နိုင်ငံတကာလေဆိပ်သစ် တည်ဆောက်မည်ဟုဆို


ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်တွင် အထူးစီးပွား ရေးဇုန် ပင်လယ်ဆိပ်ကမ်းနှင့် နိုင်ငံတကာလေဆိပ်အသစ်တို့ ကို တည်ဆောက်မည်ဟု တိုင်း ဒေသကြီးလျှပ်စစ်၊ စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန် ကြီး ဒေါ်နီလာကျော်က ပြော ကြားသည်။

ဒလ၊ လက်ခုပ်ကုန်းမြို့နယ် တို့တွင် စိုက်ပျိုးမွေးမြူရေးဇုန် များ၊ အသေးစားစက်မှုဇုန်များ ပြုလုပ်ရန် အစီအစဉ်ရှိ၊ မရှိနှင့် ပတ်သက်၍ ဒီဇင်ဘာ ၂၇ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်အစည်းအဝေး ၌ ပန်းဘဲတန်းမြို့နယ် မဲဆန္ဒ နယ်အမှတ် (၁) လွှတ်တော်ကိုယ် စားလှယ် ဦးသန်းနိုင်ဦး၏ မေးမြန်းချက်ကို ၀န်ကြီး ဒေါ်နီလာ ကျော်က ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

‘‘ဒလ၊ လက်ခုပ်ကုန်းတို့မှာ တင်မက ဒလ၊ တွံတေး၊ ကွမ်းခြံ ကုန်း၊ ကော့မှူးမြို့နယ်တို့မှာ စိုက်ပျိုး၊ မွေးမြူရေးဇုန်တွေ၊ အသေး စားစက်မှုဇုန်တွေ သာမက အထူး စီးပွားရေးဇုန်ဖော်ဆောင်ဖို့ အစီ အစဉ်ရှိပါတယ်။ ထို့အပြင် ပင် လယ်ဆိပ်ကမ်း၊ စက်မှုဇုန်၊ နိုင်ငံတကာ လေဆိပ်သစ်တွေကိုလည်း ဆောင်ရွက်ဖို့ ရှိပါတယ်’’ ဟု ဒေါ်နီလာကျော်က ပြောကြားသည်။

စီမံကိန်းများ ဆောင်ရွက်နိုင် ရန် သက်ဆိုင်ရာပညာရှင်များက လုပ်ဆောင်မည့် အစီအမံများကို ရေးဆွဲဆောင်ရွက်နေပြီး ၂၀၁၇ဇန်န၀ါရီလကုန်ပိုင်းတွင် ရေးဆွဲထားကြသည့် စီမံကိန်းအစီအ စဉ်များကို ပေါင်းစည်းသွားမည် ဟု သိရသည်။

‘‘၂၀၁၇ ဇန်န၀ါရီလကုန်မှာ ပေါင်းစည်းပြီးရင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ဦးစီးကာပညာရှင်များနဲ့ သုံးသပ်လေ့လာ ပြီးရင် ၂၀၁၇ မတ်လတွင် လွှတ် တော်သို့ တင်ပြ၍ ဆောင်ရွက် သွားပါမယ်’’ဟု ဒေါ်နီလာကျော် က ပြောသည်။

‘‘စိုက်ပျိုးရေး၊ စီးပွားရေးဇုန် တွေကို ဖော်ဆောင်နိုင်မယ်ဆိုရင် ရန်ကုန်မြို့လယ်မှာ အခုဖြစ်ပေါ် နေတဲ့ လမ်းဘေးဈေးသည်ပြဿ နာတွေကို တစ်နည်းအားဖြင့် ဖြေ ရှင်းပေးနိုင်စေမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ရန်ကုန်မြို့ လယ်မှာ လာရောက်ဈေးရောင်း ချသူ အများစုဟာ ဒလမြို့နယ် ဘက်က ဖြစ်ပါတယ်’’ဟု ဦးသန်း နိုင်ဦးက ပြောသည်။

လျှပ်စစ်၊ စက်မှုလက်မှုနှင့်  လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး  ဒေါ်နီလာကျော်က ရန်ကုန် တောင်ပိုင်းခရိုင်၌ ဆောင်ရွက် သွားမည့် စီမံကိန်းများကို လွှတ် တော်တွင် ဖြေကြားသွားခဲ့သော် လည်း စီမံကိန်းလုပ်ဆောင်မည့် နေရာ အသေးစိတ်ကိုမူ ထည့် သွင်းပြောကြားခဲ့ခြင်းမရှိပေ။

7day

No comments: