Tuesday, December 27, 2016

ထယ်ထိုးနေစဉ် ဗုံးသီးဟောင်းပေါက်ကွဲ၊ တောင်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ


 


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ပါးချီးရွာနေ ဦးရှမ်းလေးသည် ဒီဇင်ဘာ ၂၆ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ၎င်းပိုင်တောင်ယာအတွင်း ပြောင်းစိုက်ပျိုးရန် ထွန်ယက်နေစဉ် ၆၀ မမ ဗုံးသီးအဟောင်း ၁ လုံး အား ထယ်ဖြင့် ထိုးမိပေါက်ကွဲခဲ့ပြီး ဝဲပုခုံး၊ ယာခြေဖမိုးနှင့် ခြေချောင်းများတွင် ပေါက်ပြဲဒဏ်ရာများ အပြင်းအထန်ရရှိခဲ့ကြောင်း သိရှိရသည်။

ဒဏ်ရာရရှိသူအား လားရှိုးပြည်သူ့ဆေးရုံကြီးသို့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်တွင် ပို့ဆောင်ပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

No comments: