Wednesday, December 14, 2016

ဘင်္ဂါလီအကြမ်းဖက်သူများ ရန်မှ ကာကွယ်ရန် တင်သွင်းလာသည် ဆိုသည့် ALA အဖွဲ့မှ အဆင့်မြင့်လက်နက်များ အိန္ဒိယနယ်စပ်တွင် ဖမ်းဆီးရရမိ



Posted: December 14, 2016

ရခိုင်လွတ်မြောက်ရေး တပ်မတော် (Arakan Liberation Army- ALA) လက်နက်ကိုင်တပ်ဖွဲ့ဝင် ၈ ဦးအား လက်နက် အမြောက်အမြား၊ ကျည်ကပ်များနှင့်အတူ မီဇိုရမ်တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

ကာကွယ်ရေးဌာန၏ သတင်းအရင်းအမြစ်က အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့များကို Lwangtlai ခရိုင်တွင် သောကြာနေက လုံခြုံရေးဆောင်ရွက်နေစဉ် ဖမ်းဆီးရမိခြင်းဖြစ်ပြီး သက်ဆိုင်ရာ ဒေသအာဏာပိုင်များထံသို့ လွှဲပြောင်းပြီးဖြစ်ကြောင်း ဆိုသည်။ ဖမ်းဆီရမိသည့် လက်နက်များတွင် ခေတ်မီလက်နက်များဖြစ်သည့် M16 နှင့် AK 65 ရိုင်ဖယ်သေနတ်များ ပါဝင်ကြောင်း ဆိုသည်။

“ဘာသာစကားက အခက်အခဲရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ သူတို့ ဘယ်လို စိမ့်ဝင်ရောက်လာသလဲဆိုတဲ့ အကြောင်းရင်းကို ရှာလို့မရဖြစ်နေတယ်။ ဒါပေမယ့် ကျွန်တော်တို့ နားလည်တာက သူတို့အားလုံးက ရခိုင်လွတ်မြောက်ရေး တပ်မတော် (ALA) က ဆိုတာတော့ သိတယ်”ဟု ၄င်းကဆိုသည်။

ရခိုင်လွတ်မြောက်ရေး တပ်မတော်ကို ၁၉၆၈ ခုနှစ်တွင် စတင်တည်ထောင်ပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင် လှုပ်ရှားမှုရှိကြောင်း ဆိုသည်။ ၁၉၇၁ နှင့် ၁၉၇၂ ကြားတွင် KNU အကူအညီဖြင့် အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။

ရခိုင်လွတ်မြောက်ရေးတပ်မတော် ရခိုင်အမျိုးသားရေးဝါဒကို ဦးတည်လုပ်ဆောင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ၀င်ရောက်လာသည့် ဘင်္ဂါလီများ၏ ရန်ကို ကာကွယ်ရန်အတွက် ယခုကဲ့သို့ လက်နက်များ စုဆောင်းနေခြင်း ဖြစ်သည်ဟု ဆိုသည်။

ALA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သည့် ALP မှာ မြန်မာအစိုးရနှင့် အပစ်ရပ် လက်မှတ်ရေးထိုးထားသော်လည်း ယခုကဲ့သို့ နိုင်ငံတွင်း လက်နက်များကို ခွင့်ပြုချက် ကြိုတင်ရယူထားခြင်း မရှိပဲ နယ်စပ်များမှ တင်သွင်းမှုဖြင့် ၄င်း၏ အဖွဲ့ဝင်များ မကြာသေးခင် ရက်ပိုင်းအတွင်းက မြန်မာပြည်တွင်းတွင် ဖမ်းဆီးခံခဲ့ရကြောင်း သတင်းများက ဖော်ပြထားသည်။

စိုင်းဟန်

The Ladies News

No comments: