Saturday, November 26, 2016

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် NCA မရေးထိုးရသေးသောအဖွဲ့များ ပါဝင်လာရေး အဓိကစိန်ခေါ်မှုဖြစ်


 ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဆက်လက်ဆောင်ရွက်ရာ တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်မထိုးရသေး သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များပါဝင်လာရေးသည် စိန်ခေါ်မှုဖြစ်ကြောင်းငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များ၌ တပ်မ တော်ကိုယ်စားလှယ်အဖြစ်ပါဝင် ဆောင်ရွက်နေသူ ဒုတိယဗိုလ်ချုပ် ကြီးခင်ဇော်ဦး(ငြိမ်း)က ပြော သည်။

နိုဝင်ဘာ ၂၅ရက်က ရန်ကုန် မြို့ရှိ အင်းလျားလိတ်ဟိုတယ်၌ ကျင်းပသောငြိမ်းချမ်းရေးဖိုရမ် တွင် ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော် ဦး(ငြိမ်း)က ယခုကဲ့သို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

‘‘ယနေ့ဆိုရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရွေးကောက်ပွဲက နေ ရွေးကောက်တင်မြှောက်ခံရ တဲ့ အစိုးရသစ်လက်ထက်မှာ ဆက်ပြီးတော့ သွားနေပါပြီ။ဆက် ပြီးသွားတဲ့အခါ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို ကျင်းပပြီးပါပြီ။ အဲဒီကမှတစ်ဆင့် NCA ရဲ့ လမ်းပြမြေပုံထဲမှာပါတဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့ဆိုတဲ့အဆင့်အထိကို ကျွန်တော်တို့ ခရီးတော်တော်ရောက်နေပါပြီ။ သို့သော်လည်းစိန်ခေါ်မှုတစ်ခုကတော့ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေပါဝင်လာဖို့ဖြစ်ပါ တယ်’’ဟု ဒုတိယဗိုလ်ချုပ်ကြီးခင် ဇော်ဦး(ငြိမ်း)ကပြောသည်။

၂၁ရာစုပင်လုံပထမအကြိမ် အစည်းအဝေးတွင် NCAလက် မှတ်မထိုးရသေးသည့်အဖွဲ့များပါ ၀င်လာနိုင်ရေး အလွတ်သဘောဆွေးနွေးပွဲများတရားဝင် ဆွေးနွေးပွဲများကိုချင်းမိုင်၊မိုင်းလား၊ ရန်ကုန်၊ နေပြည်တော်တို့တွင် အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးခဲ့ပြီး ယင်းအဖွဲ့များပါဝင်လာရေး ကြိုးစားခဲ့သည်ဟု၎င်းက ဆိုသည်။

‘‘ဒီမှာတစ်ခုတင်ပြချင်တာ က အစတုန်းက လက်မှတ်မထိုး ခင်တုန်းက လက်မှတ်မထိုးရသေး တဲ့ အကြောင်းရင်းက အားလုံး မပါဝင်လို့ဆိုပါတယ်။ ချင်းမိုင်ကို သွားပြီးတော့ ဆွေးနွေးတဲ့အခါမှာ တော့ ဒီအကြောင်းအရာက သိပ် အရေးမကြီးတော့ပါဘူး။ NCA ကိုပြန်သုံးသပ်ချင်ပါတယ်။ မူ ဘောင်ကို ပြန်သုံးသပ်ချင်ပါတယ် ဒီလိုဖြစ်လာတယ်။    ဒါနဲ့  အဲ ဒီဘက်လမ်းကြောင်းကို ချဉ်း ကပ်ပါတယ်’’ဟု ဒုတိယဗိုလ်ချုပ် ကြီးခင်ဇော်ဦးကပြောသည်။

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့် NCAဆိုင်ရာကိစ္စများ နှင့်ပတ်သက်၍ NCA လက်မှတ် မထိုးရသေးသည့်အဖွဲ့အစည်း များနှင့် စုဖွဲ့ထားသော UNFCအ ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့ DPN နှင့် ဆွေးနွေးခဲ့ရာ ခရီးရောက်ခဲ့ ကြောင်း၊ ထို့နောက် DPNက JMC(ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီ)ကို ပိုမိုခိုင်မာအောင် လုပ်ချင်သည်ဟုဆိုကြောင်း၊ JMCကို ခိုင်မာအောင်နည်းလမ်း ရှာဖွေခဲ့ကြောင်း ယင်းအချိန်တွင် အားလုံးပါဝင်ရေးကို ပြန်လည် တောင်းဆိုလာကြောင်းDPNနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည့် ငြိမ်းချမ်း ရေးကော်မရှင်၏ အတွင်းရေးမှူး လည်းဖြစ်သူဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)ကပြောသည်။

‘‘ကျွန်တော်တို့ လက်မလျှော့ သေးပါဘူး။ DPNနဲ့ စကားပြော နေပါတယ်။ DPNဆိုတာ UNFC က ဖွဲ့ပေးလိုက်တဲ့ ဆွေးနွေးရေး ကိုယ်စားလှယ်ဖြစ်ပါတယ်။ဆက် ပြီးညှိနှိုင်းနေပါတယ်’’ဟု ၎င်းက ပြောသည်။

ဦးခင်ဇော်ဦးက ဆက်လက် ၍ ‘‘ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ဆက်သွားနေမှာပါ။ ၀င်ချင်တဲ့ အချိန်ဝင်လာနိုင်ပါတယ်။ ရထား ကြီးကတော့ ဆက်သွားနေပါ တယ်။ တက်ချင်တဲ့ဘူတာကနေ တက်စီးနိုင်ပါတယ်။ တံခါးလည်း ဖွင့်ထားပါတယ်။ လက်မှတ်မ၀ယ် ရသေးရင်တောင်မှ ရထားပေါ် ခေါ်တင်ပါတယ်။ ရထားပေါ် ရောက်တဲ့အချိန်မှာဝယ်နိုင်ပါ တယ်။ ရထားပေါ်ရောက်ပြီးတဲ့ အချိန်မှ မ၀ယ်ဘဲနဲ့ အလကားစီး လို့တော့မရပါဘူး’’ဟု ပြောသည်။

7day

No comments: