Friday, November 25, 2016

တိုက်ပွဲများကြောင့် မူဆယ်တွင် ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပမည် မဟုတ်ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် နိုဝင်ဘာလ ၂၀ ရက်မှ စတင်ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲများကြောင့် ရှမ်းနှစ်သစ်ကူးပွဲတော်နှင့် ကောက်သစ်စားပွဲကို ကျင်းပတော့မည် မဟုတ်ကြောင်း မူဆယ်မြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီက နိုဝင်ဘာလ ၂၅ ရက်နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။

တန်ဖိုးထား ထိန်းသိမ်းလာခဲ့သည့် ပွဲတော် ဖြစ်သော်လည်း တိုက်ပွဲများကြောင့် ပြည်သူများ၏ အသက်အန္တရာယ် ရှိနိုင်သောကြောင့် မကျင်းပရန် ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မတီ တွဲဖက်အတွင်းရေးမှူး စိုင်းတွံခေါင်က ပြောကြားသည်။

ရှမ်းရိုးရာ နှစ်သစ်ကူးပွဲတော်ကို နှစ်စဉ် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ကျင်းပလေ့ရှိပြီး ယခုနှစ် ကျင်းပမည် ဆိုပါက နိုဝင်ဘာလ ၂၈ ရက်နေ့မှ စတင်ကာ နှစ်သစ်ကူးပွဲ ကျင်းပရမည်ဖြစ်ပြီး ဒီဇင်ဘာလ ၂ ရက်နေ့တွင် ရှမ်းရိုးရာ ကောက်သစ်စားပွဲကို ကျင်းပရမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

THE VOICE

No comments: