Tuesday, November 29, 2016

ညဈေးတန်းတွင် နေရာချထားပေးမှု တရားမျှတမှုမရှိဟု ဈေးသည်များ စွပ်စွဲ ====================================


၂၆..၁၁..၁၆
-
ရန်ကုန်မြို့ ကမ်းနားလမ်းတွင် အကောင် အထည်ဖော်ခဲ့သော ညဈေးတန်းတွင် ဈေးရောင်းချသူများကြား နေရာချထား ပေးမှုတွင် တရားမျှတမှု မရှိကြောင်းကို နိုဝင်ဘာလ ၂၈ ရက်က မြန်မာဂျာနယ်
လစ် ရုံးခန်းတွင် ပြုလုပ်သည့် အဆိုပါဈေးသည်များ၏ သတင်းစာ
ရှင်းလင်းပွဲတွင် ၎င်းတို့ က စွပ်စွဲပြောကြားလိုက်သည်။
-
မြို့တွင်း မြို့နယ်များရှိ လမ်းဘေး ဈေးသည် ၆၀၀၀ ကျော်အနက် လက်ရှိ ၁၆၀၀ ကို နေရာချထားပေးရာတွင် နေရာ ရရှိ မှုမှာမျှတမှု မရှိကြောင်းကို ညဈေး တွင် နေရာရထားသူ ဈေးသည်အချို့က ပြောကြားသည်။
-
အဆိုပါရှင်းလင်းပွဲတွင် ယင်းမြို့နယ် လေးမြို့နယ်မှ နောက်ထပ် လမ်းဘေးဈေး သည် ၃၀၀ကျော်ကလည်း နေရာ ပေးရန် စဉ်းစား
ပေးစေလိုကြောင်း ထည့်သွင်းပြော ကြားခဲ့သည်။
-
မြို့တွင်း လေးမြို့နယ်မှ လမ်းဘေးဈေး သည် ၃၀၀ကျော်မှ ညဈေးတန်းတွင် နေရာချထားပေးမှုမှာ တရားမျှတမှု မရှိဘဲ ရောင်းချခွင့်နေရာ မရရှိသည့် ဈေးသည် များအတွက် နေရာပေးရန် စဉ်းစားပေးလို ကြောင်း ယင်းမြို့နယ်မှ လမ်းဘေးဈေး သည်များက ပြောကြားသည်။
-
အဆိုပါ ညဈေးဖွင့်လှစ်ရန် အကောင် အထည်ဖော်ရာတွင် ပါဝင်ခဲ့သော ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူများထံ ဖုန်းဖြင့် နှစ်ကြိမ်တိုင် ဆက်သွယ်မေးမြန်းခဲ့ရာ အစည်းအဝေး ကျင်းပ
နေသဖြင့် ဖြေကြားပေးနိုင်ခြင်း မရှိကြောင်း သတင်းရေးသားချိန် ညနေ ၆နာရီခန့်က ဖြေကြားသည်။
-
"အခုလက်ရှိ ဆိုင်ခန်းနေရာချ ပေးမှုက မညီမျှပါဘူး။ အခုက နေရာ
တွေ ခွဲပြီး မဲနှိုက်တယ်။ကွမ်းယာဆိုင်တွေဆို ရှစ်ပေရတဲ့သူလဲရှိတယ်။ ဈေးသည်တွေကို လက်ရှိရောင်းနေတဲ့နေရာမှာပဲ အဆင့် အတန်းရှိရှိ ရောင်းချနိုင်အောင် စီစဉ်ပေး သင့်ပါတယ်"ဟု လမ်းမတော်မြို့နယ်တွင် ဈေးရောင်းချသူ ဦးအောင်အောင်က ဆိုသည်။
-
ညဈေးတန်းမှ လမ်းဘေးဈေးသည် ၁၆၀၀ ကျော်ကို ၄ပေ။ ၈ပေ၊ ၈ ပေပတ် လည် ဆိုင်ခန်းနေရာ အကျယ်အ၀န်းချ ပေးထားသည်မှာ တရားမျှတမှု မရှိဘဲ နေရာမရှိသေးသည့် လမ်းဘေးဈေးသည် များအနေနှင့် နိုဝင်ဘာလ ၃၀ ရက် တွင် ဖယ်ရှားပေးရမည်
ဖြစ်သောကြောင့် အခက် အခဲများ ကြုံတွေ့နေရကြောင်း လမ်းဘေး ဈေးသည်များက ဆိုသည်။
-
"တကယ်ရောင်းချနေတဲ့ ဈေးသည် တွေအနေနဲ့ မှန်ကန်မှု ရှိတယ်
ဆိုရင် သေချာ စိစစ်ပြီး နေရာချထားမှုတွေ လုပ်ပေးနေပါတယ်။ နာမည်ကျန်ခဲ့တဲ့ သူတွေကို စည်ပင် နဲ့ချိတ်ပြီး နေရာပြန်ပေးဖို့ လုပ်
နေပါတယ်။ အကယ်၍ တကယ် မရောင်းဘဲနဲ့ ဆိုင်ခန်း ရရှိတဲ့သူတွေ
ကိုလည်း စစ်ဆေးတွေ့ရှိရင် ဆိုင်ခန်းကို ပြန်သိမ်းသွားမှာပါ"ဟု ကျောက်တံတားမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ဆိုသည်။
-
ရန်ကုန်မြို့တော်တွင် ဈေးဆိုင်ခန်း ပေါင်း ၁၆၀၀ကျော် ပါဝင်သော ည ဈေး တန်း တစ်ခုကို ကမ်းနားလမ်း (သခင် မြပန်းခြံအနီးမှ ပန်းဆိုးတန်း ကမ်းနား အထိ) တွင် နိုဝင်ဘာလ ၂၃ ရက်မှစ၍ ဖွင့်လှစ်ခဲ့ပြီး ညနေ ၃နာရီမှ ည ၁၁ နာရီ ထိ ရောင်းချခွင့်ပေးထားကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီထံ မှ သိရသည်။ 
======
the voice

No comments: