Saturday, November 26, 2016

ရန်ကုန်တိုင်း အစိုးရရုံးဝင်းထဲမှာ မနေ့ညပိုင်းက ဖောက်ခွဲမှု လုပ်ခဲ့တဲ့ အဓိကကျုးလွန်သူကို ရဲတပ်ဖွဲ့ကဖမ်းမိ


================================
၂၆..၁၁..၁၆
-
ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးဝင်းထဲမှာ ယမန်နေ့ညနေပိုင်းက
ဖောက်ခွဲမှု လုပ်ခဲ့တဲ့အဓိကကျုးလွန်သူလို့ ယူဆရတဲ့ သူကိုရဲတပ်ဖွဲ့က
ဒီကနေ့မနက်အစောပိုင်းမှာ ဖမ်းဆီးလိုက်တယ်လို့ သတင်းရရှိပါတယ်။
-
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ကစစ်ဆေး ဖော်ထုတ်ပြီး အပူတပြင်း
လိုက်လံရှာဖွေခဲ့မှုအရ ခုလို ဖမ်းနိုင်ခဲ့တာလို့ သိရပါတယ်။
-
သူနဲ့အတူ ပေါက်ကွဲမှုဖြစ်စဉ်မှာ အသုံးပြုတဲ့ ပုလင်းတွေကိုလဲ သိမ်းဆီး
ရမိတယ်လို့ သတင်း ရထားပါတယ်။ သူ့ကို သင်္ဃကျွန်း ဘက်ကနေ
ဖမ်းမိ ခဲ့တာပါ။
-
သူဟာ တိုင်းအစိုးရရုံးထဲကိုဘယ်လို ချိတ်ဆက်ပြီး ၀င်ရောက်လာတယ်၊
နောက်ကွယ်မှာ ဘယ်သူတွေ ရှိတယ်၊ ဘာရည်ရွယ်ချက် စတာတွေ
ကိုတော့ စစ်ဆေးနေဆဲပဲလို့ သတင်း ရရှိထားပါတယ်။
-
သူဟာ ဒီအပါတ်အတွင်း ပေါက်ကွဲခဲ့မှုတွေဖြစ်တဲ့ တောင်ဒဂုံလ၀ကရုံး၊
ဒေါပုံCapital ဈေးဝယ်စင်တာ၊ Oceanဈေးဝယ်စင်တာ - စတဲ့ဖြစ်စဉ်များ
ထဲပါဝင်ပါတ်သတ် နေတယ်လို့လည်း  ထပ်မံသိရပါတယ်။
-
ဆက်စပ်တရားခံ တွေကိုပါစုံစမ်းဖော်ထုတ် ပြီးရင် ရဲတပ်ဖွဲ့ကဖြစ်စဉ်ကို
သတင်းထုတ်ပြန်ပေးဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။
==============
Popular News Journal

No comments: