Sunday, November 6, 2016

တောင်ကိုရီးယားက မွတ်စလင် ဒုက္ခသည်တွေကို လက်မခံတော့ဘူးလို့ ထုတ်ပြောလိုက်တယ်......

အဓိက ကတော့ ငါတို့ ကိုရီးယားအမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကနေ ကင်းဝေစေဖို့ ဖြစ်တယ်လို့ဆိုတယ်........
.
တောင်ကိုရီးယား အစိုးရဟာ ၂၀၁၄ နောက်ပိုင်းကစလို့ ခုထိ ဆီးရီးယားက ဒုက္ခသည် သုံးယောက်ကိုသာ ဒုက္ခသည်အဖြစ် လက်ခံနေထိုင်ခွင့် ပြုခဲ့တယ်...... တရားရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ ကြေငြာချက်မှာ ဆီးရီးယား ပြည်တွင်းစစ်ကနေ ထွက်ပြေးလာသူတွေကို ဒုက္ခသည်အဖြစ် လက်မခံဘူးလို့ ဆိုလိုက်တယ်.....
.
ဆီးရီးယားအများစုဟာ ပြည်တွင်းစစ်ပွဲကနေ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ကို ရှာဖွေနေကြတယ်....... ဒါပေမယ့်လည်း ပြည်တွင်းစစ်ဟာ ဒုက္ခသည်အဖြစ် လက်ခံပေးဖို့ အကြောင်းခြင်းရာတော့ မဟုတ်ဘူးလို့ ဆိုလိုက်တယ်......
.
ဒီလိုဖြစ်စေတဲ့ အကြောင်းခြင်းရာတွေက မွတ်စလင်ဒုက္ခသည်တွေဟာ အမျိုးသမီးတွေကို လိင်မှုဆိုင်ရာ စော်ကားမှုတွေကြောင့်ပါပဲ....... အခုလက်ရှိ ဥရောပမှာဖြစ်နေတဲ့ မွတ်စလင် ဒုက္ခသည်တွေရဲ့ လိင်မှုဆိုင်ရာ အကြမ်းဖက်မှုတွေ၊ မုဒိမ်းကျင့်မှုတွေကနေ သင်ခန်းစာယူပြီး ငါတို့ ကိုရီးယားအမျိုးသမီးတွေကို ကာကွယ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဆိုတယ်......
.
ဒုက္ခသည်တွေကို လက်ခံပြီး ဖြစ်လာနိုင်တဲ့ ဒီလို လိင်မှုဆိုင်ရာ စော်ကားမှုတွေကို အဖြစ်ခံမလားဆိုတာထက် မိမိနိုင်ငံသူ အမျိုးသမီးတွေကို ကာကွယ်မယ်ဆိုတာကို ရွေးလိုက်တယ်လို့ဆိုတယ်.......
.
Observatorial က စာရေးသူ ရန်ဒီရဲ့ အဆိုအရ ကြည့်ရတာတော့ တစ်ကမ္ဘာလုံးဟာ ဒီဒုက္ခသည်တွေက ဖန်တီးတဲ့ အကြောင်းခြင်းရာတွေကို အိပ်မက်ကနိုးလာသလို သိရှိ နားလည်လာပီလို့ ဆိုလိုက်တယ်....... တောင်ကိုရီးယားအနေနဲ့ သူတို့ဆုံးဖြတ်ချက်အပေါ်မှာ အမြဲရပ်တည်နေမယ်လို့ မျှော်လင့်ရတယ်.......
.
ဘာကြောင့်လည်းဆိုတော့ ဒီဆုံးဖြတ်ချက်တွေဟာ သူတို့နိုင်ငံ ရေရှည်ရပ်တည်ဖို့အတွက် အထောက်ကူ ဖြစ်စေတာကြောင့်လို့ဆိုတယ်...... သင်ရောဘယ်လိုထင်လဲလို့ မေးခွန်းပြန်ထုတ်လိုက်တယ်.......
.
အခုလက်ရှိ အာရပ်နိုင်ငံတွေဟာ ဆီးရီးယားပြည်တွင်းစစ်က ထွက်ပြေးလာသူတွေကို လက်မခံကြ....... အိုအိုင်စီ ခေါင်းကိုင် တူရကီဆိုရင် သူ့နယ်မြေထဲ ပြေးဝင်လာတဲ့ ဒုက္ခသည်တွေကို သေနတ်နဲ့ ဆီးကြိုပစ်ခတ်ပစ်တယ်လို့ ဆိုတယ်...... ဆော်ဒီဟာလည်း ဒုက္ခသည်တွေကို လုံးဝ လက်မခံ........
.
ဘာသာတူခြင်း အတူတူမှာ ဒုက္ခသည်တွေကို လက်မခံပဲ တင်းတင်းမာမာနေတဲ့ ဆော်ဒီကို လူ့အခွင့်အရေး ကော်မရှင်မှာ အဖွဲ့ဝင်အဖြစ် ရွေးခဲ့တဲ့ ကုလဟာ မာမာထန်ထန် မပြောရဲပဲ ဘာမဆိုင် ညာမဆိုင် မြန်မာလိုနိုင်ငံကို ဘင်္ဂါလီ ကိစ္စမှာ အတင်းအကြပ် ဖိအားပေးနေတာဟာ မရိုးသားပါ...... အစိုးရ ပြတ်သားဖို့ လိုပါတယ်လို့ ဆိုပါရစေ.....
.
ဓါတ်ပုံကတော့ ဆီးရီးယားက ပြေးလာတဲ့ ဒုက္ခသည်တွေကို တားမြစ်ထားတဲ့ တူရကီက နယ်ခြားစောင့်တပ်ပါ......
.
.
Photo Credit to Original

Credit to >>> Voice of Jame Mint

No comments: