Saturday, November 26, 2016

ဘုလက်ကြီးကတော့မနက်စောစောကြီး

(လာမယ့်အပါတ် ဘုလက်ဂျာနယ်မှာပါမယ့် ဘုလက်မှာတမ်း)
အမေရိကန် သမ္မတ ရွေးကောက်ပွဲအပြီးမှာ ဒီမိုကရေစီအရေး တွေ လူ့အခွင့်အရေး တွေ  အီကွယ်လတီ တွေပြောပြီးအာဏာရလာကြတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက ကုလားထိုင်တွေ လှုပ်ခါသွားခဲ့တယ် ၊ အမျိုးသားရေးကို ရှေ့တန်းတင်ပြီး ဒီမိုကရေစီအရေးကို ဦးစားပေးအဆင့်မှာမထားတဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ စံပြုရမယ့် ပုဂ္ဂိုလ်တစ်ယောက်အဖြစ် ရှေ့တန်းရောက်လာတယ် ၊ ခိုးဝင်သူတွေကို စာနာပေးမိပြီး အခြား ဥရောပ နိုင်ငံများကိုလည်း ဒုက္ခသည်မူဆလင်များကို လက်ခံဘို့ တိုက်တွန်းခဲ့တဲ့ ဂျာမနီ အဓိပတိ အင်ဂျလာမာကဲ ဟာ လူထုထောက်ခံမှု့ ဆုံးရှုံးခဲ့ရပါပြီ ၊ ဒါ့အပြင် အီးယူ မှာ တစ်ခုတည်းသော မူဆလင်နိုင်ငံအဖြစ် ဝင်ခွင့်ရဘို့ နှစ်ပေါင်းများစွာ လျှောက်ထားခဲ့တဲ့ တူရကီ နိုင်ငံကို ၂၀၁၆ နိုဝင်ဘာ ၂၄ ရက်မှာဘဲ  မူဆလင်တွေ ဝင်ရောတာ လက်မခံနှိုင်ဘူး လို့ အကြောင်းပြန်လိုက်ပြီဖြစ်ကြောင်း ဥရောပသမဂ္ဂ က ဆိုပါတယ် ။
ဒါ့အပြင် သြစတြီးယား မှာ နှစ်ပေါင်းများစွာအတိုက်အခံအဖြစ် ရပ်တည်ခဲ့တဲ့ လက်ယာစွန်း ပါတီဟာ လူကြိုက်များလာပြီး လာမယ့် ဒီဇင်ဘာ ရွေးကောက်ပွဲမှာ အောင်ပွဲခံမယ်လို့ ပါတီခေါင်းဆောင် Norbert Hofer ကိုယ်တိုင် ထုတ်ဖေါ်ပြောဆိုလာတာတွေ့ရတယ် ၊ EU ကနေ အင်္ဂလန် ခွဲထွက်မှု့ဟာ ဒေါ်နယ်ထရန့် အနိုင်ရခဲ့မှု့ကြောင့် ပိုမိုအားကောင်းလာစေခဲ့ပါတယ် ၊ ပြင်သစ် မှာလည်း အမျိုးသားတပ်ဦးပါတီ လက်ယာစွန်းခေါင်းဆောင် Marine Le Pen က သူအာဏာရရင် ဥရောပသမဂ္ဂ မပေါ်ခင်က ငါတစ်ကော ကောတဲ့ စီးပွားရေးပုံစံမျိုး ကိုပြန်သွားပြီး ပြင်သစ်ပြည် စီးပွားတက်အောက်လုပ်မယ် လို့ ဆိုနေတဲ့အတွက် လူကြိုက်များနေပါတယ် ၊ သူက ပြင်သစ်လူထုဟာလည်း  အမေရိကန်တွေ  ဒေါ်နယ်ထရန့် ကို ထောက်ခံသလို သူ့ကို ထောက်ခံကြလိမ့်မယ် လို့  ပြောလာပါတယ် ၊ ပြင်သစ်မှာ Le Pen အနိုင်ရစေဘို့  မိတ်ဆွေကြီး ပူတင် က ရုရှားဗဟိုဘဏ်ကနေ ဒေါ်လာသန်းချီထောက်ပံ့ပေးထားပါသတဲ့ ။
အီတလီ မှာတော့ အာဏာရပါတီ  လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီ သမား Metteo Renzi ဟာ ပြုတ်ကျတော့မယ့်အခြေအနေဖြစ်နေပြီး အမျိုးသားရေးဝါဒီတွေ အာဏာရဘို့ တာစူနေပါပြီ ၊ အလားတူ နယ်သာလန် နိုင်ငံမှာလည်း လူမျိုးရေးမုန်းတီးမှု့တွေလှုံဆော် တယ်လို့ စွတ်စွဲခံရတဲ့ Far Right Freedom Party ခေါင်းဆောင် Geert Wilders ဟာ လာမယ့် ၂၀၁၇ ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ ဒီမိုကရေစီ အရေး လူ့အခွင့်အရေး ရှေ့တန်းတင်တဲ့ပါတီကို ဖြတ်ကျော်ပြီး အနိုင်ရရှိလိမ့်မယ် လို့ တစ်ပြေးနေပါတယ် ၊
အာရှပစိဖိတ်ကိုကြည့်မယ်ဆိုရင်လည်း  ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဟာ အမျိုးသားရေး ဝါဒီတစ်ဦးဖြစ်ပြီး အမေရိကန်ရဲ့အကာအကွယ်အောက်ကနေ သူ့ရဲ့ Self Defense Force ကို အကြီးအကျယ်တိုးချဲ့နေတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါတယ် ၊ သူပြီးရင် အာဏာဆက်ခံမယ့်သူ လို့ ရေပန်းစားနေတဲ့ လက်ရှိ ဂျပန်ကာကွယ်ရေးဝန်ကြီးတာဝန်ယူထားသူလည်းဖြစ်တဲ့ တိုမိုမီအင်နာဒါ  ဟာ ထက်မြက်တဲ့ ဥပဒေပညာရှင်တစ်ဦးဖြစ်ပြီး  ဂျပန်ရဲ့စစ်အင်အားမတိုးချဲ့ရ  ဆိုတဲ့ အမေရိကန်ရေးဆွဲပေးခဲ့တဲ့  အခြေခံဥပဒေကို  ပြောင်းလဲခြင်နေတဲ့ အမျိုးသားရေးဝါဒီတစ်ဦးဖြစ်ပါတယ် ၊
အာရှမဟာနဂါးကြီးဖြစ်တဲ့ တရုပ်နိုင်ငံခေါင်းဆောင် ရှီကျင့်ဖျင့် ဟာဆိုရင်လည်း  မော်စီတုန်း  ပြီးရင် အာဏာအရှိဆုံးလို့  သမုဒ် ခံထားရတဲ့ သူ့နိုင်ငံတိုးတက်စေရေး ဦးစားပေးတဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးသမားတစ်ဦးဖြစ်ပြီး လူ့အခွင့်အရေးတွေ ဒီမိုကရေစီအရေးတွေကိုအသိမှတ်ပြုသူတစ်ယောက်မဟုတ်ပါဘူး တရုပ်နိုင်ငံဟာ နှစ်စဉ် စီးပွားရေး အတက်ဖက်ကို ရှေ့ရှု့လျှက်ရှိကြောင်း တွေ့မြင်နိုင်ပါတယ် ၊ နိုင်ငံတည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်သမီး ဆိုပြီး အာဏာရလာတဲ့ တောင်ကိုးရီးယားသမ္မတ ဟာ သူများကြိုးဆွဲရာကနေလို့ ပြည်သူကလက်မခံတော့ဘဲ ပြုတ်ကျလုဆဲဆဲ ပါ ။
မြန်မာနိုင်ငံမှာတော့ ၂၂.၁၁.၂၀၁၆ ရက်နေ့ နေပြည်တော်မှာကျင်းပတဲ့ အာဆီယံ+EU လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲမှာ အာဏာရ NLD ပါတီမှ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က
" လူ့အခွင့်အရေး တိုးတက်မှ ဒီမိုကရေစီ မြှင့်တင်နိုင်မယ် ၊ ဒီမိုကရေစီရဲ့သော့ချက်ဟာ ၊ လူ့အခွင့်အရေးဖြစ်တယ် "
လို့   ပြောလို့  အရှိန်ကောင်းနေဆဲပါဘဲ ၊ ကျနော်အထက်ကဖေါ်ပြခဲ့တဲ့ ကမ္ဘာ့နိုင်ငံအသီးသီးတွေက ကိုယ့်နိုင်ငံ စီးပွားတိုးအောင်  အဓိကထားပြီး ဒီမိုကရေစီအရေး လူ့အခွင့်အရေးတွေ ထက် အမျိုးသားရေးကိုဦးစားပေးလာနေကြပေမဲ့  မြန်မာမှာတော့ ဒေါ်ဆောင်ဆန်းစုကြည်ရဲ့  ဒီမိုကရေစီ အပြောတွေအောက်မှာ ဆင်းရဲမွဲတေစွာနဲ့ မိန်းမော ယစ်မူး တွေဝေနေဆဲ ဖြစ်အောင်  မှော်ကဝေအတတ်ပညာ ကဲ့သို့  ပြုစားနှိုင်ဆဲ ရှိနေပါတယ် ၊ အမျိုးသားရေးရှေ့တန်းတင်ထားတဲ့ မ.ဘ.သ လို အဖွဲ့မျိုးကို ကြုံသလို ပ' ထုတ်လျှက်ရှိတာကိုပြည်သူအများစိတ်ပျက်စပြုလာပါပြီ ၊ လူ့အခွင့်အရေး ရှေ့တန်းတင်လွန်းမှု့ကြောင့်  ရောင့်တက်ပြီး  မောင်တောဘင်္ဂလီ ကိစ္စ ပေါ်ပေါက်ခဲ့တာဟာ  " အစိုးရသစ်လက်ထက်မှာ  စိန်ခေါ်မှု့အသစ် ဖြစ်ပါတယ် " လို့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးရဲ့ ထုတ်ပြန်ချက်မှာ ဝန်ခံထားတာ တွေ့နိုင်ပါတယ် ။
ဒါကြောင့်  NLD ရဲ့ လက်ကျန် အာဏာရသက်တမ်းမှာ လူ့အခွင့်အရေး ဒီမိုကရေစီအရေးထက် အမျိုးသားအရေး ကိုယ်ကျိုးစီးပွားတိုးတက်ရေး ကို ဦးစားပေးပါ ၊ မဟုတ်ရင်တော့
" It 's Time "
NLD အတွက် အာဏာစွန့်ဘို့ အချိန်ကျလာပြီ လို့ စီးပွားရေး ချွတ်ချုံကျနေတဲ့ ပြည်သူတွေကိုယ်စား  စေတနာဖြင့် ထောက်ပြ အကြံပြု မှာတမ်းရေးသားဖေါ်ပြအပ်ပါတယ် ခင်ဗျား ။
ဦးလှဆွေ (ဘုလက်)

No comments: