Saturday, November 26, 2016

မြန်မာသံရုံး ဗုံးဖောက်ခွဲရန် ကြံစည်သူ အစ္စလာမစ္စစ် စစ်သွေးကြွကို အင်ဒိုနီးရှား ဖမ်းမိထားဟုဆို


============================
၂၆..၁၁..၁၆
-
အင်ဒိုနီးရှားရဲတပ်ဖွဲ့ဟာ အစိုးရရုံးတွေနဲ့ ဂျကာတာရှိ မြန်မာသံရုံးတို့ကို လာမယ့်လမှာ တိုက်ခိုက်ဖို့ ကြံစည်သူလို့ သံသယရှိတဲ့ အစ္စလာမ္မစ် စစ်သွေးကြွတစ်ဦးကို ဖမ်းဆီးခဲ့ပြီး ဗုံးလုပ်ရာမှာ သုံးတဲ့ပစ္စည်း အများ
အပြားကို သိမ်းဆည်းခဲ့တယ်လို့ ပြောခွင့်ရသူတစ်ဦးက ဒီကနေ့ စနေနေ့
မှာ ပြောပါတယ်။
-
သံသယရှိသူ အမည်ကို ရီယိုပရီယက်တနာဝီဘာဝါ (၂၃နှစ်) လို့ ဖော်ပြ
ပြီး သူဟာ အိုင်အက်စ်အဖွဲ့ကို ထောက်ခံတဲ့ အင်ဒိုနီးရှား အုပ်စု
တစ်စုရဲ့ အဖွဲ့ဝင်တစ်ဦးလို့ ယုံကြည်ရတယ်လို့ဆိုပါတယ်။
-
အင်ဒိုပြည်တွင်း မီဒီယာတွေမှာတော့ သိမ်းဆည်းမိတဲ့ ဖောက်ခွဲ
ရေးပစ္စည်းပမာဏဟာ ၂၀၀၂ ခုနှစ်က ဘာလီကျွန်းမှာ လူ ၂၀၂ဦး သေဆုံးစေခဲ့တဲ့ ဗုံးထက် နှစ်ဆနီးပါး ပြင်းအားရှိနိုင် လောက်တယ်လို့ ဖော်ပြထားကြပါတယ်။
-
အင်ဒိုနီးရှား အာဏာပိုင်တွေဟာ အစွန်းရောက်ဝါဒတွေ ပြန်လည်
ထကြွလာမှာကို စိုးရိမ်နေကြပြီး ကမ္ဘာ့မွတ်စလင်ဦးရေအများဆုံး
နိုင်ငံမှာ အိုင်အက်စ်အဖွဲ့ကို ထောက်ခံသူ ရာပေါင်းများစွာ ရှိနေတယ်လို့ ထုတ်ပြောထားပါတယ်။
-
အခုနောက်ပိုင်း မြန်မာနိုင်ငံက ဘင်္ဂလီပြသနာတစ်ခုနဲ့ပတ်သက်ပြီး အရှေ့တောင်အာရှရှိ မွတ်စလင်ကြီးစိုးရာ နိုင်ငံတွေ ဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှားတို့မှာ မြန်မာနိုင်ငံအပေါ် ဆန့်ကျင်ဆန္ဒပြမှုတွေ ထွက်ပေါ်
နေတယ်လို့ဆိုပါတယ်။
-
သောကြာ နေ့က ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေရဲ့ မြို့ကြီးတချို့မှာ အလားတူ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့တယ်လို့ မီဒီယာ
သတင်းတွေအရ သိရပါတယ်။
=====
ကုမုဒြာ

No comments: