Thursday, November 3, 2016

ဒါတော့ လုံးဝမဖြစ်သင့်ဟု ထင်မြင်ယူဆမိပါကြောင်း ----------------------


မကွေးတိုင်း မင်းဘူးမြို့မှာ ၂၇ .၂ . ၂၀၁၆ ရက်နေ့က လမ်းဘေးဆီရောင်းလို့ ဆိုပီး ကျား၂ မ ၆ ဦးအဖမ်းခံရပြီး မင်းဘူးတရားရုံးမှ ၂၃ .၁၀. ၁၆ ရက်နေ့ ဒဏ်ငွေ ၅၀၀၀ နဲ့ထောင် ၆ လချမှတ်ခဲ့ပြီး သရက်ထောင်သို့ပို့ဆောင်ခဲ့ပါတယ် . .

အဖမ်းခံရတဲ့အထဲမှ မသွယ်သွယ်မိုး ကိုယ်ဝန်သည်ဟာ ယခု သရက်ဆေးရုံတွင် အောက်တိုဘာ ၃၁ ရက်နေ့မီးဖွားခဲ့ပါတယ်

ထိုသွေးနုသားနုမီးနေသည်ကိုဆေးရုံမှာ အခုလိုခြေခြင်းခတ် လက်ထိပ်ခပ်ဖမ်းထားပါတယ်တဲ့ခင်ဗျာ

လူသားချင်းကိုယ်ချင်းစာကြည့်ကြပါ

ကျုပ်တို့ဆင်းရဲသားနင်းပြားပြည်သူတွေဘဝက ဘယ်လောက်ထိ လူမဆန်စွာအနိုင်ကျင့်ခံစားနေရတယ်ဆိုတာ ပြည်သူ့အစိုးရလို့ခံယူထားတဲ့ အစိုးရသစ်ကြည့်တော်မူပါ

ပြည်သူ့အမတ်လို့ခံယူထားတဲ့ လွှတ်တော်အမတ်များကြည့်တော်မူပါ . . .

ထမင်းတလုပ်စားရဖို့ လမ်းဘေးရေသန့်ဘူးလေးနဲ့ ဆီလေးရောင်းမိတာပါဗျာ လူသတ်မှုမဟုတ်ပါဘူးဗျ ၊ နိုင်ငံတော်ပုန်ကန်မှုလည်းမဟုတ်ပါဘူး၊ မူးယစ်ဆေးဝါးရောင်းတာမဟုတ်ပါဘူးဗျ တိုင်းပြည်ဘဏ္ဍာ ခိုးတာမဟုတ်ပါဘူးဗျ၊ ချဲဒိုင်ဘော်လုံးဒိုင်မဟုတ်ပါဘူးဗျ . . .

လွှတ်တော်အမတ်တစ်ယောက်နဲ့ တိုင်းဝန်ကြီးတစ်ဦးဆီ မကွေးသတင်းထောက်တစ်ဦးမှ ဖုန်းဆက်အကူအညီ တောင်းသော်လည်း ထူးခြားမှုမရှိသေးပါတဲ့။

ဘယ်မှာလဲပြောင်းလဲမှု

- ကျော်ကြီး(MDY)

Credit . min ma kha >> Zin Moe

No comments: