Monday, November 28, 2016

ကသာမြို့နယ်၊မှတ်တိုင်ရွာသား၂ဦး တောထဲသွားရင်းမိုင်းနင်းမိ +++++++++++++++++++++++


ကသာမြို့နယ်၊မှတ်တိုင်ကျေးရွာမှ
ရွာသား၂ဦးဖြစ်တဲ့ဇင်မောင်စိုး(ဘ)
ဦးဆိုင်းမောင်နဲ့မောင်မျိုး(ဘ)
ဦးခင်အောင်တို့နှစ်ဦးဟာ ၂၈.၁၁.၂၀၁၆နေ့မှာမှတ်တိုင်ကျေးရွာမှ၈မိုင်အကွာနန့်လန်ချောင်းဖျား၊
ကသာနဲ့ကချင်ပြည်နယ်နယ်စပ်
နားမှာ တောထဲကြိမ်၊ရုံးခုတ်သွားရင်း
နေ့လည်၂နာရီလောက်အချိန်မှာ
မိုင်းနင်းမိခဲ့တယ်လို့သိရပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့်မောင်မျိုး
ဟာခြေနှစ်ဖက်ပြတ်ပြီးဇင်မောင်စိုး
ကတော့မျက်နှာမှာဒဏ်ရာရခဲ့
ပါတယ်။ဇင်မောင်စိုးကခြေပြတ်
သွားတဲ့မောင်မျိုးကိုထမ်းပိုးပြီးပြန်
ခဲ့ရာမှာသူ့မှာလည်းမျက်နှာမှာထိတဲ့ဒဏ်ရာတွေကြောင့်မျက်လုံးဖွင့်မရ
ဘဲဖြစ်လာတာမို့
ဆက်လက်မသယ်နိုင်တော့ဘဲ
တောထဲမှာပစ်ထားခဲ့ရပါတယ်။သူက
တော့မျက်စိမမြင်ရဘဲတောလမ်း
အတိုင်းစမ်းတစ်ဝါးဝါးနဲ့ရွာအရောက်
်ပြန်ခဲ့ပါတယ်။
ရွာရောက်တော့မိုးတားကြီးရွာမှ
မြတ်မွန်သန့် လူနာတင်ကားနဲ့ကသာ
ဆေးရုံကိုပို့ပေးခဲ့တာည၇နာရီခွဲမှာ
ကသာဆေးရုံကိုရောက်ရှိခဲ့ပါတယ်။
တောထဲကျန်ခဲ့တဲ့မောင်မျိုးကိုရွာ
မှသွားမရှာနိုင်သေးဘူးလို့သိရ
ပါတယ်။

Aye lwin

No comments: