Monday, November 28, 2016

ဖေါင်းဆိုင် တိုက်ပွဲ အစိုးရတပ်မှ လက်နက်များ မဟာမိတ်တပ် သိမ်းယူ


 


 နိုဝင်လာ ၂၇ ဖေါင်းဆိုင် တိုက်ပွဲ မြန်မာစစ်တပ်မှ KIA သိမ်းဆီး ရရှိတဲ့ လက်နက်ကြီး ကျည်နဲ့ စစ် ပစ္စည်း
ယနေ့ ရှမ်းပြည်မြောက်ပိုင်း ဖေါင်းဆိုင်ကျေးရွာ (Hpawng Seng) အနီး မြန်မာစစ်တပ်နှင့် ဖြစ်ပွားသော တိုက်ပွဲမှ လက်နက် အချို့ ကို မြန်မာပြည်မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု (Northern Alliance-Burma) မှ သိမ်းဆီး ရရှိခဲ့သည်။

မုံးကိုနှင့် ဖေါင်းဆိုင် (Hpawng Seng) ကြား တပ်ပေါင်းစု ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၆) တပ်ဖွဲ့ နှင့် ထိတွေ့တိုက်ပွဲမှာ အစိုးရတပ် ဂျက်တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များဖြင့် ပစ်ကူပေးသည့်ကြား လက်နက်ကြီး ကျည် ၈ လုံးနှင့် အခြား စစ် ပစ္စည်းများကို သိမ်းဆီး ရရှိကြောင်း KIA တပ်မဟာ (၆) အရာရှိ တဦး ကချင် သတင်း ဌာန KNG ကို အတည်ပြု ပြောပါသည်။

မြန်မာ စစ်သား ၄ ဦးထိ သေဆုံး ထိခိုက်မှု ရှိနိုင်သော်လည်း KIA ဘက် ထိခိုက်မှု လုံးဝ မရှိကြောင်း အထက် နာမည် မဖော်လိုသူ KIA တပ်မဟာ ၆ အရာရှိ က ဆိုသည်။

တိုင်းရင်းသား မဟာမိတ် တပ်ပေါင်းစု ကိုးကန့် (MNDAA) နှင့် ရခိုင် (AA) တပ်များ ၀ိုင်းထားသော မုံးကိုမြို့ မြန်မာစစ်တပ် ဗျူဟာကုန်း တွင်လည်း ယနေ့ည ၉ နာရီကျော်မှ တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာသည်ဟု မုံးကို တရုတ် နယ်စပ်မှ ကချင် သတင်း ဌာန KNG သတင်းထောက် က ဆိုပါသည်။

မဟာမိတ် တပ်ပေါင်းစု Northern Alliance (Burma) မှ ထိန်းချုပ်ထားသည်ဟု ယူဆရသော မုံးကိုမြို့ကို ပြန်လည် ရရှိရန် မြန်မာ စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများကို နေ့စဉ် ပြုလုပ်နေခြင်း ဖြစ်သည်။

နိုဝင်ဘာ ၂၀ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားလာချိန်မှ မုံးကိုမြို့ခံ လူထုနှင့် အစိုးရ ၀န်ထမ်းများ အားလုံး တရုတ်ဘက်ခြမ်း Manhai မြို့သို့ ထွက်ပြေး ခိုလှုံနေပါသည်။

Kachinnews
http://burmese.kachinnews.com



http://thithtoolwin.mmbloggers.com/Home/Detail/8160723796909209039

No comments: