Monday, November 28, 2016

ဝန်ကြီးဟောင်း ဦးအုန်းမြင့် တရားစွဲထားသောအမှုတွင် ဒေါ်အေးမြမြမျိုး အနိုင်ရ ===============================


၂၈..၁၁..၁၆
-
ဝန်ကြီးဟောင်း ဦးအုန်းမြင့်၏ ကိုယ်စားလှယ် ဦးမျိုးချစ်မှ တရားလို
ပြုလုပ်၍ ကျောက်တန်းမြို့နယ် အနိုင်ရ NLD ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးအား လမ်းပိတ်ဆို့မှု ပုဒ်မ ၃၄၁ ဖြင့် စွဲထားသည့် အမှုအား ယနေ့ (နိုဝင်ဘာ ၂၈ ) ရက် နံနက် ၁၀ နာရီက အပြီးသတ် အမိန့်ချမှတ်ခဲ့ရာ ဒေါ်အေးမြမြမျိုးတွင် အပြစ်မရှိကြောင်း ထင်ရှားသဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၄၅(၁)အရ အမှုမှအပြီးသတ် လွှတ်ခဲ့ကြောင်း သိရသည်။
-
ဒေါ်အေးမြမြမျိုးအား ၀န်ကြီးဟောင်း ဦးအုန်းမြင့်၏ ရွေးကောက်ပွဲ
ကိုယ်စားလှယ် ဦးမျိုးချစ်မှ အမှုဖွင့် တိုင်ကြားထားမှုတွင် နိုဝင်ဘာ ၄ ရက်က ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ကျောက်တန်း
မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအုန်းမြင့်
နှင့်အဖွဲ့သည် ကျောက်တန်းမြို့နယ်၊ ကန်ပြောင်ကျေးရွာ အရှေ့
ကျောင်းတိုက်ဓမ္မာရုံတွင် ဟောပြောပွဲပြုလုပ်ခဲ့ပြီး ကြာကန်ကျေးရွာသို့ သွားစဉ် NLD ပါတီဝင်များက ပိတ်ဆို့ထား၍ ရွာတောင်ပိုင်းသို့ ပြန်ထွက်ခဲ့ရာ တောင်ဘက်ဘုန်းကြီးကျောင်း၏ မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်အစီး ၅၀ ခန့်ဖြင့် ပိတ်ဆို့ထားကြောင်း၊ ပိတ်ဆို့ထားသည့် ကားတစ်စီးတွင်NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်အေးမြမြမျိုး လိုက်ပါလာသည်ကို တွေ့ရှိခဲ့သဖြင့် ဖြတ်သန်း
သွားလာခွင့် မရစေရန် ရည်ရွယ်ချက်ဖြင့် မတရားတားဆီး ကန့်ကွက်မှု ပြုလုပ်ခဲ့သည်ဟုဆိုကာ ဒေါ်အေးမြမြမျိုးနှင့်အဖွဲ့အား အရေးယူပေးရန် ဦးမျိုးချစ် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအုန်းမြင့်၏ ကိုယ်စားလှယ်) ကျောက်တန်းမြို့မရဲစခန်းသို့ နိုဝင်ဘာ ၁၁ ရက်က ကျောက်တန်း
မြို့မရဲစခန်းသို့ တိုင်ကြားပြီး ရဲစခန်းမှတစ်ဆင့် တရားရုံးသို့ တင်ခဲ့ပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
==========
ELEVEN

No comments: