Friday, November 25, 2016

ကမ္ဘာ့ပထမဆုံး 20MP ရှေ့ကင်မရာပါဝင်လာသည့် VIVO V5 ဖုန်းကို ပြည်တွင်း၌ မိတ်ဆက်




ရှေ့ဘက် Selfie ကင်မရာအား 20MP အမျိုးအစားတပ်ဆင်ထားသည့် ကမ္ဘာ့ပထမဆုံးသော VIVO အမှတ်တံဆိပ် V5 စမတ်ဖုန်းကို ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်တွင် ပြည်တွင်း၌ စတင်ဝယ်ယူနိုင်မည်ဖြစ်ပြီး ကြိုတင်မှာယူလိုသူများအနေဖြင့် ယခုလ ၂၆ ရက်မှ ဒီဇင်ဘာ ၂ ရက်အတွင်း မှာယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

VIVO V5 သည် GSM 2G/3G နှင့် 4G LTE ကွန်ရက်များတွင် အသုံးပြုနိုင်သည့် Dual SIM နှစ်ကတ်သုံးဖုန်းအမျိုးအစားဖြစ်သည်။ မြင်ကွင်းအရွယ်အစား ၅.၅ လက်မရှိပြီး Octa-core 64bit processor ၊ 4GB RAM နှင့် Internal မှတ်ဥာဏ်အနေဖြင့် 32GB ထိ ပါဝင်သည့် အပြင် ဘက်ထရီမှာ 3000mAh အမျိုးအစားကို ထည့်သွင်း ထားကြောင်း သိရသည်။ ကျောဘက်ကင်မရာမှာ 13MP အမျိုးအစားဖြစ်ပြီး ရှေ့ဘက် Selfie ကင်မရာတွင် Selfie Softlight ဟုခေါ်သည့် Flash လုပ်ဆောင်ချက် ပါဝင်လာသည်။ မြင်ကွင်းကို နှစ်ခုခွဲ၍ အသုံးပြုနိုင်သည့် Smart Screen-Split လုပ်ဆောင်ချက်၊ ဝ.၂ စက္ကန့်ဖြင့် Unlock ပြုလုပ်ပေးနိုင်သော လက်ဗွေလုပ်ဆောင်ချက်နှင့် အသံပိုင်းအတွက် AK4376 Hi-Fi audio chip ကို ထည့်သွင်း အသုံးပြုထားကြောင်း သိရသည်။

၎င်း V5 စမတ်ဖုန်းကို ပန်းရွှေ (Rose Gold)၊ သရဖူရွှေ (Crown Godl) အရောင်နှစ်မျိုးဖြင့် ထုတ်လုပ်ထားပြီး တန်ဖိုး ၂၉၈,ဝဝဝ ကျပ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

No comments: