Friday, October 28, 2016

ZTE Axon 7 ကို ၄၄၂ ဒေါ်လာဖြင့် ရောင်းချမည်

ZTE သည် Axon 7 Max ဟုခေါ်သည့် mid-range phablet တစ်မျိုးကို မိတ်ဆက်ခဲ့သည်။
Axon 7 Max တွင် ၆ လက်မ 1920x1080 display ပါဝင်ပြီး 3D viewing လုပ်ဆောင်ချက်များ ထောက်ပံ့ပေးထားသည်။ Qualcomm Snapdragon 625 နှင့် 4GB RAM ဖြင့် အသုံးပြုနိုင်ပြီး သိုလှောင်မှုပမာဏက 64GB ဖြစ်သည်။ MicroSD slot ပါဝင်သောကြောင့် သိုလှောင်မှုပမာဏကို တိုးမြှင့်နိုင်သည်။ ကျောဘက်တွင် ကင်မရာနှစ်ခုပါဝင်ပြီး laser autofocus နှင့် dual LED flash ဖြင့် ရိုက်ကူးနိုင်သည်။ အရှေ့ဘက်ကင်မရာက 8 megapixel ဖြစ်သည်။ ကျောဘက်တွင် လက်ဗွေဖတ်စနစ်တစ်ခု ပါဝင်သည်။ ဘက်ထရီက 4100mAh ဖြစ်ပြီး Qualcomm Quick Charge 2.0 ကို ထောက်ပံ့ပေးထားသည်။
Axon 7 Max ၏ တန်ဖိုးက ၂,၉၉၉ ယွမ် (၄၄၂ ဒေါ်လာ) ဖြစ်ပြီး ယွမ် ၃၆၀ (၅၃ ဒေါ်လာ) တန် အခမဲ့ 3D content ပါဝင်သည်။ ဖုန်းကို လက်ရှိတွင် ကြိုတင်မှာယူမှု ပြုလုပ်နိုင်ပြီး နိုဝင်ဘာ ၂ ရက်တွင် စတင်ရောင်းချမည်ဖြစ်သည်။
Ref: GSMArena

No comments: