Friday, October 28, 2016

iPhone 7 နှင့် iPhone 7 Plus ကို တယ်လီနောမှ ကြိုတင် မှာယူ စနစ်ဖြင့် စတင် ရောင်းချ

iPhone 7 နှင့် iPhone 7 Plus ကို တယ်လီနောတွင် ကြိုတင်မှာယူစနစ် Pre Order ဖြင့် စတင်မှာယူနိုင်ပြီဖြစ်ကြောင်း တယ်လီနော၏ facebook စာမျက်နှာဖော်ပြချက်အရ သိရသည်။ အဆိုပါ Pre Order ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ တယ်လီနော Show room ကြီးများတွင် ယနေ့ အောက်တိုဘာ ၂၈ ရက်မှစတင်ပြီး မိမိဝယ်ယူလိုသည့် ဖုန်းကို ၃၀၀,၀၀၀ ကျပ် ကြိုတင်ပေးချေ မှာယူနိုင်မည်ဖြစ်ပြီး နိုဝင်ဘာလ ၄ ရက်နေ့ စတင်ရောင်းချချိန်တွင် မိမိမှာယူထားသည့် ဖုန်းကို ရရှိမည်ဖြစ်သည်။
ရန်ကုန်မြို့Myanmar Plaza ဒုတိယထပ်ရှိ တယ်လီနောအရောင်းဆိုင်၊ mDrive အမှတ် ၁၀၇။၁၀၉ မြေညီထပ်၊ Junction Center Maw Tin (ရန်ကုန်)၊ မန္တလေးမြို့ အမှတ် ၇၁၊ ၇၃ လမ်းနှင့် လမ်း ၃၀ထောင့်၊ ချမ်းအေးသာဇံမြို့နယ်ရှိ တယ်လီနောအရောင်းဆိုင်တို့တွင် မှာယူနိုင်မည့်အပြင် www.telenor.com.mm တွင်လည်း မှာယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် iPhone 7 32GB ၁,၀၇၃,၀၀၀ ကျပ်၊ 128GB ၁,၂၃၀,၀၀၀ ကျပ်၊ 256GB ၁,၃၉၀,၀၀၀ ကျပ် ဖြစ်ပြီး iPhone 7 Plus 32GB ၁,၂၆၂,၀၀၀ ကျပ်၊ 128GB ၁,၄၂၀,၀၀၀ ကျပ်၊ 256GB ၁,၅၇၅,၀၀၀ ကျပ် တို့ဖြစ်သည်။ လက်ဆောင်အနေဖြင့် အင်တာနက်အခမဲ့အသုံးပြုခွင့် 12GB (လစဉ် 2GB ဖြင့် ၆ လတိတိ)၊ တယ်လီနောနံပါတ်အလှ Sim Card, iPhone ကာဗာ၊ Screen Guard နှင့် အခြား လက်ဆောင်ပစ္စည်းများစွာ ရရှိနိုင်မည်ဖြစ်သည်။

No comments: