Friday, October 28, 2016

ရန်ကုန်မြို့တွင် ဇီကာရောဂါဖြစ်ပွားနေသည့် အသက် ၃၂ နှစ်အရွယ် နိုင်ငံခြားသူတစ်ဦးအား တွေ့ရှိ


ရန်ကုန်လေဆိပ်တွင် ကျန်းမာရေးဌာနက ဇီကာရောဂါ စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများ လုပ်ဆောင်နေစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

ရန်ကုန်မြို့တွင် ဇီကာရောဂါ ဖြစ်ပွားနေသည့် အသက် ၃၂ နှစ်အရွယ် နိုင်ငံခြားသူတစ်ဦးအား တွေ့ရှိခဲ့ကြောင်း အောက်တိုဘာ ၂၇ ရက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်း ဖော်ပြချက်အရ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ဇီကာရောဂါ ကာကွယ်ရေးလုပ်ငန်းများ အပါအ၀င် ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းများကို အထူးဂရုပြု ဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့၌ ဇီကာရောဂါဖြစ်ပွားနေသည့် နိုင်ငံခြားသူတစ်ဦးကို ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်ပြီးနောက် အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဇီကာရောဂါ လက္ခဏာသံသယရှိသူ အသက် ၃၂ နှစ်အရွယ်ရှိ နိုင်ငံခြားသူ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို အောက်တိုဘာ ၂၇ ရက်တွင် ရန်ကုန်မြို့နယ်အတွင်း၌ တွေ့ရှိခဲ့သဖြင့် လိုအပ်သော ဓာတ်ခွဲစမ်းသပ်မှုများ ဆောင်ရွက်ခဲ့ရာ ဇီကာရောဂါ ဖြစ်ပွားလျက်ရှိကြောင်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်၍ ဇီကာရောဂါနှင့်ပတ်သက်ပြီး လိုအပ်သော ကာကွယ်ထိန်းချုပ်နှိမ်နှင်းရေး လုပ်ငန်းများကို တာဝန်ရှိသူများက အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments: