Friday, October 28, 2016

မသိသေးရင်ဖတ်ပါကိုဇော်ဇော်

မြန်မာနိုင်ငံသားတဦးဟာ

မြန်မာအစိုးရမှဖွင့်လှစ်တဲ့

ကျောင်းသည်၎င်း

ကောလိပ်သည်၎င်း

တက္ကသိုလ်သည်၎င်း တက်ခဲ့ပြီးဘွဲ့တခုခုရရှိပြီးမှ

မြန်မာပြည်မှာမနေထိုင်ပဲနိုင်ငံခြားအလုပ်သွားလုပ်ရင်

ဒဏ်ငွေကဲ့သို့သောအခွန်ငွေဆောင်မှ

နိုင်ငံကူးလက်မှတ်ပေးပါတယ်

တပါးနိုင်ငံသို့အပြီးအပိုင်ပြောင်းရွှေ့

နေထိုင်မည့်သူဆိုပါကနိုင်ငံတေိာကို

လျှော်ကြေးပြန်လည်ပေးဆပ်ရပါတယ်

အဲ့လိုပေးမှလွှတ်ကင်းစွာထွက်ခွာခွင့်ပြုပါတယ်

ကဲ....ကိုဇော်ဇော်

ခင်များနိုင်ငံတော်အစိုးရဖွင့်လှစ်တဲ့

အခြေခံပညာမူလတန်းကျောင်းတက်ခဲ့တယ်

အခြေခံပညာအလယ်တန်းကျောင်းတက်ခဲ့တယ်

အခြေခံပညာအထက်ကျောင်းတက်ခဲ့တယ်

စီးပွားရေးတက္ကသိုလ်တက်ခဲ့တယ်

ဘွဲ့လဲယူခဲ့တယ် ဒါပေမယ် ခင်များက

နိုင်ငံတော်ကိုတခြားအနေအထားမပြောနဲ့

အခွန်ထမ်းပြည်သူတယောက်အနေနဲ့တောင်

တာဝန်မကျေခဲ့ပဲ ထိုင်းငံသားခံယူလိုက်တယ်

ဒါပေမယ့်မြန်မာပြည်ကိုခင်များ

လျှော်ကြေးပေးခဲ့သလား?

ခင်များတပါးနိုင်ငံသားခံယူတော့မယ်လို့

တရားဝင်အကြောင်းကြားခဲ့သလား?

နိုင်ငံကူးလက်မှတ်ကိုအသာလေးပြန်အပ်ပြီး

အောက်လမ်းကနေခြံစည်းရိုးဖြဲပြီးခိုးဝင်သွားခဲ့တာမလား?

ခင်များကျနော့်မေးခွန်းတွေကိုအရင်ဖြေကြည့်ပါလား

ကြားချင်လို့ပါ...ခုခင်များကထိုင်းငံသားအရမ်းပီသ

ထိုင်းနိုင်ငံကိုအရမ်းချစ်ပြပြီး မြန်မာပြည်သား

ဂေါ်ရခါးတွေက မြန်မာပြည်တွင်းက

ရေဘေး လေဘေး မီးဘေးသင့်နေတဲ့

ကျနော်တို့ရဲ့မောင်ဘွားမြန်မာပြည်သားတွေကို

သူတို့လုပ်အားခထဲကတတ်စွမ်းသလောက်လေး

ထည့်ဝင်လှူဒါန်းပေးပို့တာကိုတရားမဝင်

ငွေလွှဲပြောင်းမှု ထိုင်းအာဏာပိုင်တွေ

ခွင့်ပြုချက်မရှိပဲအလှူငွေကောက်ခံတဲ့အတွက်

DSI ဆိုတဲ့ထိုင်းအထူးစုံစမ်းစစ်ဆေးရေးကို

တိုင်တယ် ခင်များအတွက်ကျနော်ဂုဏ်ယူပါတယ်

ထိုင်းနိုင်ငံကိုထိုင်းစစ်စစ်တွေထွက်ပိုချစ်တတ်လို့လေ

ကိုဇော်ဇော်......ခင်များတို့ဘတ်အဖြူသမားတွေထဲ

ခင်များကဈေးဦးပေါက်

ခင်များကိုနမူမာအဖြစ်စံပြလုပ်ပေးမယ်

နောင်ကိုခင်များလိုခြံစည်းရိုးသူခိုးတွေ

မြန်မာပြည်နဲ့မြန်မာပြည်သားတွေအပေါ်

နဲနဲမှ စိတ်နဲ့တောင်မစော်ကားရဲအောင်ဆိုပါတော့

ရင်ဆိုင်ဖို့အားမွေးထားပါခေမာသီရိသားကြီးရေ။

ထိုင်းကအမျိုးတွေကျေးဇူးပြုပြီးရှယ်ကြပါကုန်။

No comments: