Friday, October 28, 2016

မသင်္ကာဖွယ်ရာ ဘင်္ဂါလီလူမျိုး ၅ ဦးအား အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် မောင်တောမြို့မ ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့

နေပြည်တော် အောက်တိုဘာ ၂၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင် ရွက်နေ သော တပ်မတော်စစ်ကြောင်းသည် ယနေ့ နံနက် ၆ နာရီ ၁၀ မိနစ်ခန့်တွင်ငါးစာကြူးကျေးရွာအတွင်း ၀င်ရောက်ရှင်းလင်း ရာ ပြောင်ပိုက်ကျေးရွာ အနီး တပ်မတော် စစ်ကြောင်းနှင့် ဖြစ်ပွား ခဲ့သော ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများဖြစ်သည့် အာကူဟာလောင် (ဘ)မာမွတ်ရှော်ဒီ၊ ခါမားဟူဆေး(ဘ)ဘော်ဒူဇာဟာ၊ အာဘူအာလောင်(ဘ) ဘဆွန်းဘာလီ၊ ဇာရွတ်အာလောင်(ဘ)ချူနာဘာလီ၊ နူရူကာမိုင် (ဘ) ဆော်လီဟူဆောင်း၊ ဟာဘူအူးဆောင်း(ဘ)တဆွန်းဘာလီ၊ ဂျူရာလောင်(ဘ) နော်ဇီရာမောက်နှင့် အာဘူဘော်ရှော(ဘ)နော်ဇီရာမောက်  ၈ ဦး တို့ကို ဖမ်းဆီးရမိခဲ့ပြီး အမှတ်(၁) နယ်ခြားစောင့် ကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်)သို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သိရသည်။

အလားတူ တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက အကြမ်း ဖက်စီးနင်းတိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူများအား လိုက်လံဖော်ထုတ် ရှင်းလင်းလျက်ရှိရာ ယနေ့ နံနက် ၇ နာရီတွင် ကျောင်းတောင်ကျေးရွာရှိ အဒူလာ(ဘ) ဆူတာအာမတ်အား ၎င်း၏ နေအိမ်၌လည်းကောင်း၊ နံနက် ၁၁ နာရီခွဲအချိန်တွင် ကြက်မောက်တောင် အနောက်ရွာနေ ဆွေတာမောက် (ဘ) ဖေရင် အား ၎င်း၏ နေအိမ်၌လည်းကောင်း အသီးသီး ထပ်မံ ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ ရဲစခန်းများသို့ စနစ်တကျ လွှဲပြောင်း အပ်နှံ ခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ နံနက် ၁ နာရီခန့်တွင် နတ်မြစ်အတွင်း NAVYSEALs အဖွဲ့မှ တိုက်ရေယာဉ်ဖြင့် တိုက်ကင်းတာဝန် ထမ်းဆောင်စဉ် ဦးရှည်ကျချောင်း ၏ တောင်ဘက် ကိုက် ၃၀၀ ခန့်အကွာ ချောင်းပေါက်ငယ်အတွင်းမှ နတ်မြစ်ဘက်သို့ လှော်ခတ်လာ သော လှေ ၂ စီးအား တွေ့ရှိသဖြင့် မီးဖြင့်အချက်ပြခေါ်ယူရာ ပြန်လှည့်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ဒီရေတောအတွင်း ပုန်းအောင်းနေသည့် ဘင်္ဂါလီလူမျိုး အဒူဇူဝိုင်း(ဘ) ရူဇိမ်းနာနှင့် ၎င်း၏ဇနီး နူကနိ(ဘ) နုရူဟာကိန်၊ သမီး ရုဂျီးနားနှင့် သား ၂ ဦးဖြစ်သည့် ၀ါဟဲမူတိုဖာ၊ မူဟာမက်ဟူပိုက် တို့ ၅ ဦးအား ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသည့် မသင်္ကာဖွယ်ရာ ဘင်္ဂါလီလူမျိုး ၅ ဦးအား အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် မောင်တောမြို့မ ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

(မြ၀တီ)

No comments: