Friday, October 28, 2016

#ဇီကာဗိုင်းရပ်ဂယက်ရိုက်ပြီး


"ရန်ကုန်တွင်နေသူများနောက်ခြောက်လအတွင်းကိုယ်ဝန် မဆောင်ရန်ကျန်းမာရေးဝန်ကြီးဌာနတိုက်တွန်း"

(နေပြည်တော် ၊ အောက်တိုဘာ ၂၈)

မြန်မာနိုင်ငံတွင် ဇီကာရောဂါပိုးတွေ့ရှိရပြီဖြစ်၍ ရန်ကုန်မြို့တွင် နေထိုင်သူများနောက်ခြောက်လအတွင်း ကိုယ်ဝန် မဆောင်ရန် ကြရန် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်း က ပြောသည်။

“ဒီရောဂါက လိင် ကနေလည်း တဆင့် ကူးစက်နိုင်တယ် ပြီးတော့ ရန်ကုန်မြို့ကိုလည်း ဒီရောဂါပိုးက ၀င်ရောက် နေပြီ အဲ့ဒါကြောင့်ပါ”ဟု ၎င်းကပြောသည်။

အောက်တိုဘာလ ၂၈ ရက်နေ့က နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနတွင် ကျင်းပ သော ဇီကာရောဂါပိုးနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးကိုလည်း ဇီကာရောဂါ ကူးစက်ရာတွင် အဖြစ် အများဆုံးတိုင်း အဖြစ် ခန့်မှန်း ထားကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် ကျန်းမာရေး ၀န်ကြီးဌာနသည် ဇီကာ ရောဂါပိုး အဓိက သယ်ဆောင်နေသော အေဒီးစ်ခြင်များ မပေါက်ပွားနိုင်ရန်နှိမ်နင်းရေး လုပ်ငန်းများ လုပ်ဆောင် လျက်ရှိကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

စိုင်းလမင်း
Popular News

No comments: