Friday, October 28, 2016

မန္တလေး-ပြင်ဦးလွင် လမ်းသစ် သစ်ပင်ပေါင်း ခုနစ်သောင်းကျော် ဆုံးရှုံးနိုင်

မန္တလေး-ပြင်ဦးလွင်ကားလမ်းသစ် ဖောက်လုပ်ရာမျာ သစ်ပင်ပေါင်း ခုနစ်သောင်းကျော် ဆုံးရှုံးနိုင်တယ်လို့ လမ်းသစ်ဖောက်လုပ်ခွင့်ရတဲ့ Axion Mandalay Highway Construction Co.,Ltd က ပြောရေးဆိုခွင့်ရှိသူ ဦးစိုးမြတ်သူက ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာလ ၂၄ ရက်နေ့က ရွှေပြည်သာ ဟိုတယ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလိုပြောဆိုလိုက်တာဖြစ်ပြီး လမ်းနယ်နမိတ်အဖြစ် ပေ ၁၅၀ အဖြစ် သတ်မှတ် ထားတာကြောင့် အခုလို ဆုံးရှုံးရမှာဖြစ်ပါတယ်။ ဒီလို သစ်ပင် ခုနစ်သောင်းကျောင်ဆုံးရှုံးမှုကို လျှော့ချနိုင်ဖို့ အတွက် လမ်းနယ်နမိတ်ကို ပေ ၅၀ အဖြစ် ပြောင်းလဲသတ်မှတ်ထားပြီး လေကာပင်တစ်သိန်းနီးပါးကိုလည်း ပြန်လည် စိုက်ပျိုးထားတယ်လို့ ဦးစိုးမြတ်သူက ပြောပါတယ်။
မန္တလေး-ပြင်ဦးလွင် ကားလမ်းဟာ ၄၂ မိုင် ခန့် ရှည်လျားပြီး အခုဖောက်လုပ်မယ့် လမ်းသစ်ဟာ ၂၂ မိုင်ခန့်သာ ရှည်လျားတာဖြစ်ပါတယ်။

Share this

No comments: