Friday, October 28, 2016

တန်ကြေးနည်း မော်ဒယ်ဖြစ်ပေမယ့် ဇိမ်ခံပုံစံ ဖန်တီးထားတဲ့ 2017 Nissan Maxima

မော်ဒယ်က လာမယ့် ဇန်နဝါရီလအတွင်းမှာ ဈေးကွက်ဝင်လာမှာဖြစ်ပြီး လက်ရှိမှာတော့ သူ့ရဲ့ မော်ဒယ်သစ်မှာ ပါရှိမယ့်အချက်တွေကို မိတ်ဆက်ထားခဲ့တာ တွေ့ရပါတယ်။ ဒီဇိုင်းပိုင်းမှာ သိသာတဲ့ ပြောင်းလဲမှုမျိုး မတွေ့ရပေမယ့် အတွင်းခန်း အပြင်အဆင်ပိုင်းမှာပဲ တန်ကြေးနည်း မော်ဒယ်အဖြစ် မိတ်ဆက်ထားတဲ့တိုင်အောင် ဇိမ်ခံပုံစံနဲ့ ဖန်တီးလာတာ တွေ့ရပါတယ်။ အာရှ ဈေးကွက်ထက် အမေရိကနဲ့ ဥရောပ ဈေးကွက်အတွက် ဦးစား ပေး ဖန်တီးထားတာဖြစ်လို့ ကိုယ်ထည်ပိုင်းမာကျောမှုနဲ့ လုံခြုံစိတ်ချရမှု အပိုင်းတွေမှာ အထူးကောင်းမွန်တာ တွေ့ရပါတယ်။ အင်ဂျင်ပိုင်းရွေးချယ်နိုင်စရာ ထုတ်လုပ်မှုအားနည်းတာ တစ်ချက်ပဲ လူကြိုက်နည်းစေနိုင်လောက်ပြီး မော်ဒယ်သစ်ကို အကြိုမိတ်ဆက်မှုဖြစ်လို့ စိတ်ဝင်စားစရာတော့ကောင်းလှပါတယ်။
အားသာချက် …
ဥရောပနဲ့ အမေရိက ဈေးကွက်အတွက် အထူးဦးစားပေး ထုတ်လုပ်ထားလို့ အရည်အသွေး အရမ်းကောင်းပါတယ်။ အတွင်းခန်းအပြင်အဆင်က ဇိမ်ခံအဆင့် မဟုတ်ပေမယ့် အရည်အသွေးမြင့် တပ်ဆင်မှုတွေ တွေ့ရပါတယ်။ အသုံးပြုရလွယ်ကူတဲ့ Control စနစ်တွေနဲ့အတူ အသားကျ ပြီးသား ခလုတ်နဲ့ ထိန်းချုပ်မှု ပုံစံမျိုး ပြင်ဆင်ထားတာပါ။ အထူးသဖြင့်တော့ ခလုတ်တွေအစား Touch စနစ်နဲ့ ထည့်လာပေမယ့် ရင်းနှီးပြီး ပုံစံမျိုး ဖြစ်အောင် ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ အရွယ်အလတ် တန်းစား မော်ဒယ်တွေထဲမှာ ရွေးချယ်ဖို့ အကောင်းဆုံးမော်ဒယ် ဖြစ်လာပါလိမ့်မယ်။ နောက်ဆုံး စိတ်ကြိုက်ဖြစ်စေမယ့် အချက်ကတော့ ကားရဲ့ ကိုယ်ထည်ပိုင်း မာကျောမှုဖြစ်ပြီး အကြမ်းခံ စစ်ဆေးမှုမှာ တန်းတူမော်ဒယ်တွေထဲမှာ အကောင်းဆုံးဖြစ်နေပါတယ်။ အသက်ကယ်စနစ်နဲ့ စိတ်ချရမှုအပိုင်းမှာ မိုင် ၆၀ နှုန်းအတွင်း အကောင်းဆုံး ရမှတ်ကို ပိုင်ဆိုင်ထားသလို ပြိုင်ဘက် မော်ဒယ်တွေထဲမှာ အကောင်းဆုံးဖြစ်နေပါတယ်။

အားနည်းချက် …
နောက်ဘက် ထိုင်ခုံတန်းကဖန်တီးမှုကို စိတ်ကြိုက် မတွေ့မိပါဘူး။ လိုက်ပါ စီးနင်းရမှုအပိုင်း သဘောမကျတာပါ။ နောက်ပြီး နောက်ဘက်ခန်း နည်းနည်း ကျဉ်း
ချင်သလို ထင်မိပါတယ်။ ဒါကတော့ မော်ဒယ်ကို စွမ်းဆောင်ရည်ပိုင်း ပိုမိုကောင်းမွန်အောင် Sport ဆန်တဲ့ ကိုယ်ထည်နဲ့ ဖန်တီးလာတာကြောင့် နောက်ဘက် အမိုးပိုင်း ပုံမှန်ထက် နိမ့်ဆင်းသွား တာကြောင့် နောက်ဘက် ခရီးသည်ခန်း၊ အထူးသဖြင့် အကျယ်အ၀န်းထက် အမိုးခန်းအနည်းငယ် နိမ့်ချင်သွားတာ ဖြစ်ပါတယ်။  နောက်ပြီး တန်းတူ မော်ဒယ်တွေထက် ဈေးနည်းနည်း များချင်နေတာတစ်ချက်က အနည်းငယ်တော့ လူကြိုက် နည်းသွားစေချင်ပါတယ်။

အင်ဂျင်ပိုင်း …
ဘီးစုံယက်စနစ်နဲ့ ရနိုင်မှာမဟုတ်ပေမယ့် ဆီစားနှုန်း အထူး ချိုသာအောင် ဖန်တီးထားတာ တွေ့ရပါတယ်။ SR မော်ဒယ်ခွဲက မောင်းနှင်ရမှု အပိုင်းမှာ စွမ်းဆောင်ရည်ပိုင်း အနည်းငယ် အားနည်းချင်ပြီးတော့ တခြားမော်ဒယ်ခွဲတွေက ပိုပြီး သဘောကျစရာကောင်းပါတယ်။ ၃.၅ လီတာသုံး အင်ဂျင်တစ်မျိုးပဲ ရနိုင်မှာပါ၊ ဒါပေမဲ့ စွမ်းအင်ထုတ်လုပ်မှု အပိုင်းမှာတော့ အထူးကောင်းမွန်ပြီးတော့ သူကမြင်းကောင်ရေ ၃၀၀ အားထွက်ရှိမှာ ဖြစ်ပါတယ်။ လမ်းကြမ်းပိုင်းစွမ်းဆောင်ရည် သင့်ပေမယ့် လေအေးပေးစက်လို အပိုင်းတွေ ဖွင့်ထားမယ်ဆိုရင်တော့ ခရီးတစ်ဆက်တည်း အချိန်ကြာ မောင်းနှင်မှုအတွက် စောင့်ကြည့်ချင်စရာပါ။
စွမ်းဆောင်ရည် …
အမြန်နှုန်း မြှင့်တင်မောင်း နှင်နိုင်မှုအပိုင်းက တစ်နာရီ မိုင် ၆၀နှုန်းကို အချိန် ၆.၁ စက္ကန့်နဲ့ ရောက်မှာဖြစ်ပြီး ဆီတစ်ဂါလံကို ပျမ်းမျှ  ၂၅ မိုင် စီးနင်းနိုင်မှာပါနော်။ ဒါက
မြို့တွင်းတွေမှာ အင်ဂျင်အရွယ် အနည်းငယ်ကြီးတာကြောင့် ဆီစားပိုချင်ပြီး အဝေးပြေးလမ်းတွေမှာ ၃၄ မိုင်လောက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပေမယ့် မြို့တွင်းမှာတော့ ၂၃ မိုင် လောက်ထိအောင်ပဲ ရနိုင်မှာပါ။ CarPlay လို စနစ်ကို ထည့်သွင်းသုံးနိုင်မှာ ဖြစ်လို့ နောက်ဆုံးပေါ်စနစ်ကို ပိုင်ဆိုင်နိုင်မှာပါ။ ဒါပေမဲ့ အဆိုပါ စနစ်အတွက်ကိုတော့ Package ပုံစံနဲ့ ရွေးချယ် ဝယ်ယူရဖို့ ရှိနိုင်ပြီး ကားရဲ့ ကနဦး တန်ကြေးထက် အနည်းငယ် ပိုပေးရဖို့တော့ ရှိနိုင်ပါတယ်။ ဒါကတော့ ဈေးကွက်တင်ချိန်မှာမှ သေချာသိလာရဖို့ ရှိနေပါတယ်။ လက်ကိုင်ပိုင်းမှာ မော်ဒယ်က ဘီးစုံယက်စနစ်နဲ့ ဖန်တီးထားလို့ မြန်နှုန်းမြင့် မောင်းနှင်နေချိန်တွေမှာ ပိုပြီး တည်ငြိမ်နေစေတာ တွေ့ရ ပါတယ်။ ကွေ့လမ်းပိုင်းတွေမှာ မော်ဒယ်ရဲ့ လားရာ လမ်းကြောင်း ပြောင်းလဲနိုင်မှုက အထူး ကောင်းမွန်ပါတယ်။ မြန်ဆန်တယ်၊ တည်
ငြိမ်တယ်၊ ညင်သာမှု အပြည့်ရှိတာတွေ့ရပါတယ်။
သုံးသပ်ချက် …
မော်ဒယ်က ကိုယ်ထည်ပိုင်းမှာ အရွယ်အလယ်အလတ်တန်းစား ဖြစ်ပေမယ့် အင်ဂျင်စနစ် ကြီးလွန်းနေတာ တစ်ချက်က ဆီစားနှုန်းများလာလို့ အာရှဈေး
ကွက်လို အပိုင်းမှာ လူကြိုက်များဖို့ ခက်လာနိုင်ပါတယ်။ ဝန်တင်ဆောင်နိုင်မှုဦးစားပေး မော်ဒယ်လည်း မဟုတ်သလို စွမ်းဆောင်ရည် ဦးစားပေး မော်ဒယ်လည်း
မဟုတ်လို့ အင်ဂျင်ပိုင်း ကြီးချင်နေတာ တစ်ခုကိုတော့ သဘောမကျမိပါဘူး။ ဈေးနှုန်းပိုင်း မြင့်ချင်နေတယ်၊ ဆီစားများတယ်၊ အင်ဂျင်ကြီးမားတယ်ဆိုတဲ့ အချက်တွေကို အသက်ကယ်စနစ် အထူးကောင်းမွန်တယ်၊ လုံခြုံစိတ်ချရမှု မြင့်မားတယ်၊ နည်းပညာ အသုံးပြုနိုင်မှု မြင့်မယ်၊  အင်ဂျင်ပိုင်း စွမ်းဆောင်ရည်ကောင်းတယ်၊ ဇိမ်ခံမော်ဒယ်အဖြစ် သုံးနိုင်မယ်ဆိုတဲ့ အချက်တွေနဲ့ Cover လုပ်နိုင်မယ် ဆိုရင်တော့ Maxima က သင့်စိတ်ကြိုက် ဖြစ်ပါလိမ့်မယ်။

No comments: