Friday, September 30, 2016

တိုယိုတာ Vios မော်ဒယ်သစ်ကား အောက်တိုဘာ ၁ ရက် စတင်ရောင်းမည်

အောက်တိုဘာ ၁၇ ရက်တွင် စတင်ရောင်းချမည့် တိုယိုတာ Vios မော်ဒယ်သစ်ကားကို ပြသထားစဉ် (ဓာတ်ပုံ − မိုးညို)

တိုယိုတာ ကုမ္ပဏီက Vios ကား မော်ဒယ်သစ်ကို ပြည် တွင်းဈေးကွက်တွင် ကျပ်သိန်း ၁၇၀ ကျော်ဖြင့် အောက်တိုဘာ ၁ ရက်၌ စတင်ရောင်းချမည်ဖြစ် ကြောင်း သတင်းရရှိသည်။

တိုယိုတာ Vios သည် BrandNew ကားများ၌ ဈေးသက်သာကာ အရည်အသွေးကောင်းသည့် ကားတစ်စီးဖြစ်ပြီး ကျသင့်တန်ဖိုး ကျပ်သိန်း ၁၇၀ တွင် အခြားဝင်ငွေခွန် များ မပါဝင်သေးကြောင်း သိရ သည်။

 အာရှဒေသအတွက် သီး သန့်ထုတ်လုပ်သော ဆီဒင်အမျိုး အစား Vios ကားမော်ဒယ်သစ် သည် ပြည်တွင်းဈေးကွက်၌ တိုယိုတာက တရားဝင်ဖြန့်ဖြူးရောင်းချ ခွင့်ပေးထားသော တိုယိုတာ မင်္ဂ လာနှင့် TTAS နှစ်ခုစလုံးက ဖြန့် ဖြူးရောင်းချမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၄ နှင့် ၂၀၁၅ တို့တွင် တိုယိုတာက ဟိုင်းလတ်နှင့် ဖော်ကျူးနားတို့ကို မိတ်ဆက်ပေးခဲ့ပြီးဖြစ်သည်။

လက်ငင်းမဝယ်ယူလိုဘဲ အ ရစ်ကျဖြင့် ဝယ်ယူလိုပါကလည်း ပြည်တွင်းမှ ဧရာဝတီဘဏ်နှင့် ချိတ်ဆက်ပြီး ငါးနှစ် အရစ်ကျ စနစ်ဖြင့် ဝယ်ယူနိုင်ကြောင်း သိရ သည်။

လက်ရှိတွင် ရန်ကုန်လိုင်စင် မှာ ကားပါကင် ထောက်ခံချက် ထုတ်ပေးမှု ရပ်ဆိုင်းထားသော ကြောင့် နယ်လိုင်စင်ဖြင့်ပင် ဝယ် ယူခွင့်ရရှိမည်ဖြစ်သည်။

Vios သည် ပြည်တွင်းတွင် လူကြိုက်များသည့် Belta  မျိုးဆက်တစ်ခုဖြစ်ပြီး ပုံစံအနည်းငယ်သာ ကွဲလွဲသည်။

No comments: