Wednesday, September 28, 2016

Telenor က တာဝါတိုင် အများဆုံး ပိုင်ဆိုင်သည်ဟု ဆို

ဒီနေ့ဟာ Telenor ကွန်ရက်စတင်ဝန်ဆောင်မှုပေးအပ်တဲ့ (၂) နှစ်မြောက်နေ့ဖြစ်ပါတယ်။ (၂) နှစ် တာအတွင်းမှာ Telenor က တာဝါတိုင်ပေါင်း ၆၄၀၀ လောက် တည်ဆောက်နိုင်ခဲ့တဲ့အတွက် အော်ပရေတာတွေထဲမှာ အများဆုံး တာဝါတိုင်ပိုင်ဆိုင်တဲ့ အော်ပရေတာဆိုပြီး ကြေညာခဲ့ပါတယ်။ Telenor စတင် ဝန်ဆောင်မှုပေးတဲ့အချိန်မှာတုန်းက တာဝါတိုင်ဟာ ၆၈ တိုင်ပဲရှိခဲ့တယ်လို့ သိရပါတယ်။ မန္တလေးမြို့မှာ စတင်ဝန်ဆောင်မှုပေးအပ်ခဲ့တဲ့ Telenor က အခုဆိုရင် 2G , 3G , 4G အစရှိတဲ့ ကွန်ရက်မျိုးစုံကို ဝန်ဆောင်မှုပေးအပ်နေတဲ့ အော်ပရေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာတော့ Telenor နဲ့ MPT ဟာ 3G ကွန်ရက်အများဆုံး ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဈေးကွက်ထဲမှာ ငြင်းခုံပြိုင်ဆိုင်ခဲ့ကြပါသေးတယ်။

No comments: