Thursday, September 29, 2016

တောင်ကြီး NLD ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးနဲ့ပတ်သက်တဲ့ ဦးဉာဏ်ဝင်းရဲ့ ပြောကြားချက် တရားမဝင်လို့ ဦးဝင်းထိန်ပြော

တောင်ကြီးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်ခင်မိုးနဲ့ပတ်သက်ပြီး ဦးဉာဏ်ဝင်း ပြောကြားခဲ့တာဟာ တရားမဝင်သလို စုံစမ်းစစ်ဆေးပိုင်ခွင့် မရှိဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က ပြောကြားလိုက်ပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးမြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးအပါအဝင် အလုပ်အမှုဆောင် ၅ဦးကို ဦးဝင်းထိန်က ပြီးခဲ့တဲ့ လပိုင်းတုန်းက ပါတီကနေ ထုတ်ပယ်ခဲ့တဲ့ သတင်းတွေနဲ့ ပတ်သက်ပြီးစုံစမ်းစစ်ဆေးတာတွေပြုလုပ်သွားမယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးများအဖွဲ့ဝင်ဦးဥာဏ်ဝင်းက မနေ့က ပြောကြားခဲ့တာပါ။

ဦးဉာဏ်ဝင်းရဲ့ ဒီ ပြောကြားချက်ဟာဟာ တရားမဝင်ကြောင်းနဲ့ စုံစမ်းစစ်ဆေးပိုင်ခွင့်မရှိကြောင်းကို ဦးဝင်းထိန်ကဒီကနေ့သတင်းဌာနတစ်ရဲ့ မေးမြန်း ချက်မှာ ပြန်လည်ပြောကြားခဲ့ပါတယ်။ အခုကိစ္စနဲ့ ပတ်သက်ပြီးလာမယ့် ၃ ရက်နေ့အ စည်းအဝေးမှာပြေပြေလည်လည်ဖြေရှင်းသွားမယ်လို့ ဦးဝင်းထိန်ကပြောပါတယ်။

No comments: