Wednesday, September 28, 2016

တောင်ကြီး NLD ဥက္ကဋ္ဌ NGO မှာ ဝင်အလုပ်လုပ်လို့ အလုပ်ထုတ်ခံရတာလို့ ဦးဉာဏ်ဝင်း ပြော

စက်တင်ဘာလဆန်းပိုင်းက ရှမ်းပြည်နယ်တောင်ကြီးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်မိုးမိုးနဲ့အတူ အလုပ်အမှုဆောင်အဖွဲ့ဝင် ၅ ဦးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးများ အဖွဲ့ဝင် ဦးဝင်းထိန်က ထုတ်ပယ်လိုက်ပါတယ်။

အဲဒီလို ထုတ်ပယ်လိုက်တာဟာ ပါတီဥက္ကဌဒေါ်မိုးမိုးဟာ NGO အဖွဲ့တစ်ခုမှာ ဝင်ရောက်လုပ်ကိုင်တဲ့အတွက် ထုတ်ပယ်လိုက်တာပါ။

ဦးဝင်းထိန်အနေနဲ့ အခုလို လုပ်ဆောင်ချက်ဟာ သူ့သဘောနဲ့သူ လုပ်ဆောင်တာဖြစ်ပြီး အဖွဲ့ချုပ်ဗဟိုက တာဝန်ပေးတာမဟုတ်ဘူးလို့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောပါတယ်။ အခုလို ထုတ်ပယ်လိုက်တာနဲ့ ပတ်သက်ပြီး အဖြစ်မှန်ပေါ်ပေါက်တဲ့ အထိစစ်ဆေးတာတွေ ပြုလုပ်သွားမယ်လို့ ဦးဥာဏ်ဝင်းရဲ့ပြောဆိုချက်ကို DVB သတင်းမီဒီယာမှာ ဖော်ပြထားပါတယ်။

No comments: