Wednesday, September 28, 2016

MPTမှဆင်းမ်ကတ်များကို ပရိုမိုးရှင်းဖြင့် ရောင်းချ

MPT ဟာ ဆင်းမ်ကတ်တွေကို ပရိုမိုးရှင်းအနေနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၆ ရက်နေ့ကနေ အောက်တိုဘာလ ၂ ရက်နေ့အထိ ရောင်းချသွားမှာပါ။ ဆင်းမ်ကတ် တစ်ကတ် ဝယ်ယူပြီးတော့ E-TopUp ငွေဖြည့်မယ်ဆိုရင်တော့ လက်ဆောင်တွေ ရရှိမှာဖြစ်ပါတယ်။ ကျပ် ၁ သောင်းဖိုးငွေဖြည့်ရင် ထီးလက်ဆောင်ရရှိမှာဖြစ်ပြီးတော့ ကျပ် ၅ ထောင်ဖိုးငွေဖြည့်ရင် MPT ခွက် တစ်ခွက်လက်ဆောင်ရမှာပါ။ ကျပ် ၃ ထောင်ဖိုးငွေဖြည့်ရင်တော့ မျက်နှာသုတ်ပဝါရရှိမှာလို့ သိရပါတယ်။ ပရိုမိုးရှင်းကိုတော့ MPT အရောင်းဆိုင် ၆၃ ဆိုင်နဲ့ ဖြန့်ချိရေးကိုယ်စားလှယ်ဆိုင်ပေါင်း ၃၇ ဆိုင်မှာ ပြုလုပ်သွားမှာပါ။ MPT ရဲ့ လက်ရှိဆင်းမ်ကတ်အသုံးပြုသူ အရေအတွက်ကတော့ သန်း ၂၀ ပြည့်သွားပြီလို့ သိရပါတယ်။

No comments: