Friday, September 23, 2016

ဟတ်ဝဲလ်ပိုင်း ချိုးဖောက်ဝင်ရောက်မှုနဲ့ iPhone ရဲ့ Passcode လုံခြုံရေးကို ကျော်လွှားနိုင်

အိုင်ဖုန်း (iPhone) ရဲ့ လုံခြုံရေး passcode ကို ဒေါ်လာ ၁၀၀ပဲတန်ဖိုးရှိတဲ့ အီလက်ထောနစ်ကိရိယာတွေ အသုံးပြုပြီး ကျော် လွှားလို့ရနေတယ်လို့ သုတေသနတစ်ခုက ဖော်ပြပါတယ်။

ကိန်းဘရစ်တက္ကသိုလ်က ကွန်ပျုတာသိပ္ပံပညာရှင်တစ်ဦးက အိုင်ဖုန်းရဲ့ မှတ်ဥာဏ် ချပ်စ်ကို ပုံစံတူတစ်ခုပြုလုပ်ပြီး passcode ကို အကြိမ်အကန့်အသတ်မဲ့ ရိုက်ထည့်ကြည့်ပြီး စမ်းသပ်ခဲ့ပါတယ်။

ယခုနှစ်အစောပိုင်းမှာ အဲဒီလိုလုပ်ဆောင်မှုက အလုပ်မဖြစ်တဲ့အကြောင်း အက်ဘ်ဘီအိုင်က ပြောကြားခဲ့ပါတယ်။ အက်ဖ်ဘီအိုင် က ဆန်ဘာနာဒီနိုက သေနတ်သမာ ဖာရွတ်ခ်ရဲ့ အိုင်ဖုန်းကို ၀င်ရောက်နိုင်ဖို့ကြိုးပမ်းရင်း အဲဒီလိုပြောဆိုခဲ့တာပါ။

ဖာရွတ်ခ်နဲ့ သူ့ရဲ့ဇနီးက ကယ်လီဖိုးနီးယားက ဆန်ဘာနာဒီနိုမြို့မှာ လူ ၁၆ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက သေနတ်နဲ့အသေ ပစ် သတ်ခဲ့တာပါ။ သူတို့ကိုလည်း ရဲတပ်ဖွဲ့က အသေပစ်ဖမ်းခဲ့ကြရပါတယ်။

အဲဒီရာဇ၀တ်မှုမှာပါဝင်တဲ့သူတွေရဲ့ သတင်းအချက်အလက်တွေ အဲဒီ အိုင်ဖုန်း (iPhone 5C) မှာ ရှိနေတယ်လို့ ရဲတပ်ဖွဲ့က ယုံ ကြည်ထားပါတယ်။ ဒါပေမဲ့ လုံခြုံရေးစနစ်ကြောင့် ၀င်လို့မရခဲ့ပါဘူး။

ဒါကြောင့် အက်ဖ်ဘီအိုင်က Apple ကုမ္ပဏီကို ဖိအားပေးခဲ့ပါတယ်။ ဖုန်းရဲ့ backdoor ဆော့ဝဲလ်ကို သူတို့ကို ပေးဖို့ဆောင်းဆို ခဲ့ကြပါတယ်။ ဒါပေမဲ့ Apple ကုမ္ပဏီက ငြင်းဆိုခဲ့တာကြောင့် လုံခြုံရေးကုမ္ပဏီတစ်ခုကို ဒေါ်လာ ၁သန်းပေးပြီး ဆောင်ရွက်စေခဲ့ တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
အခု ကိန်းဘရစ်တက္ကသိုလ်ရဲ့ကွန်ပျုတာဌာနက ဒေါက်တာဆာဂျီစကိုရိုဘိုဂါတော့ဗ်က လေးလကြာအချိန်ယူပြီး iPhone 5C ရဲ့ လုံခြုံရေးစနစ်ကို ကျော်လွှားနိုင်ဖို့ စမ်းသပ်ခဲ့တာပါ။

ဒေါက်တာဘိုဂါတော့ဗ်က iPhone 5C ရဲ့ အဓိက မှတ်ဥာဏ်စနစ်ဖြစ်တဲ့ (Nand Chip)ကို ဘယ်လိုဖြုတ်ယူလိုက်တယ်ဆိုတာကို ယူကျုမှာ ဗွီဒီယိုဖိုင်တင်ခဲ့ပါတယ်။
အဲဒီနောက် သူက ဖုန်းနဲ့ မှတ်ဥာဏ်စနစ်ဘယ်လို ဆက်သွယ်မှုလုပ်တယ်ဆိုတာကို လေ့လာပြီး အဲဒီ ချပ်စ်(chip) ကို ပုံစံတူ ပွားခဲ့ပါတယ်။
ရည်ရွယ်ထားတဲ့ ဖုန်းကို ပြုပြင်လိုက်ပြီး (Nand chip) ကို အပြင်ဘုတ် (external board) မှာ အထိုင်ချလိုက်ပါတယ်။ ဒါကြောင့် မတူတဲ့ ဗာရှင်းတွေကို အလွယ်တကူ တပ်နိုင်ဖြုတ်နိုင်သွားပါတယ်။

သူ့ရဲ့ဗွီဒီယိုဖိုင်မှာ ဖော်ပြခဲ့တာက ဒေါက်တာဘိုဂါတော့ဗ်ဟာ မှားယွင်းတဲ့အတွဲအစပ် passcode တွေ အများကြီး ကြိုးစားကြည့် ပြီး iPhone 5C လော့ခ်ကျသွားတာကိုပါပဲ။ အဲဒီနောက်မှာ သူက (Nand chip) ကို ဖယ်ရှားလိုက်ပြီး ပုံစံတူအသစ်နဲ့အစားထိုးလိုက်ပါတယ်။ မတူတဲ့ ကုဒ်တွေကို ကြိုးစားလို့ ရအောင် အဲဒီချပ်စ်မှာ သုညလို့ သူက ထားလိုက်ပါတယ်။

“ ကျွန်တော့်အနေနဲ့ ပုံစံတူတွေ အများကြီးပွားလို့ရတာကြောင့် နောက်ဆုံး passcode အမှန်ကို တွေ့တဲ့အထိ ကျွန်တော် အကြိမ် အများကြီး ထပ်ခါတလည်းလည်းလုပ်လို့ ရသွားပါတယ်” လို့ သူက ပြောပါတယ်။ (Nand mirroring) လို့ သိရှိထားတဲ့ အဲဒီနည်းပညာက ဖာရွတ်ခ်ရဲ့ဖုန်းမှာ အလုပ်မဖြစ်တဲ့အကြောင်း အက်ဖ်ဘီ အိုင်ရဲ့ ဒါရိုက်တာ ဂျိမ်းကွန်မီက ပြောဆိုခဲ့တာပါ။

ဂဏန်း ၄လုံးတွဲကို သိရှိနိုင်ဖို့ အချိန် နာရီ ၄၀ ကြာခဲ့ကြောင်း ဒေါက်တာ ဘိုဂါတော့ဗ်က ဆိုပါတယ်။
တကယ်လို့ ဂဏန်း ၆လုံးဆိုရင်တော့ နာရီရာနဲ့ချီပြီး ကြာနိုင်ပါတယ်လို့ သူကပြောပါတယ်။
တကယ်တော့ အက်ဖ်ဘီအိုင်က မလုပ်နိုင်ဘူးလို့ဆိုတဲ့ကိစ္စကို ဒေါက်တာဘိုဂါတော့ဗ်က လုပ်ပြသွားခဲ့တာပါပဲ။

Ref: BBC

No comments: