Friday, September 30, 2016

မိုးညှင်းမြို့နယ်အတွင်းမူးယစ်ဆေးဝါးများဖမ်းဆီးရမိ

မိုးကောင်း ၊ စက်တင်ဘာ - ၃၀

မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပြည်သူလူထုပူးပေါင်း၍မူးယစ်ဆေးဝါးပပျောက်ရေးဆောင်ရွက်လျက်ရှိရာ
ယနေ့မွန်းလွဲ(၁:၃၀)နာရီအချိန်ခန့်တွင်
မူးယစ်ဆေးဝါးသယ်ဆောင်လာမည်ဟုကြိုတင်သတင်းအရ
မိုးညှင်းမြို့မရဲစခန်းမှရဲအုပ်မြင့်လွင်နှင့်အဖွဲ့၊ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှရဲတပ်သားရဲဇော်လတ်တို့သည်သက်သေများနှင့်အတူ
မိုးညှင်းမြို့နှင့်ညောင်ကုန်းကျေးရွာခြင်းဆက်လမ်း၊ညောင်ကုန်းကျေးရွာထိပ်တွင်စောင့်ဆိုင်းနေစဉ်
မိုးညှင်းဘက်မှ
ဒေါ်သီတာ(၄၀)နှစ်(ဘ)ဦးတင်ထွန်း၊ရေလည်ကျွန်းရပ်၊နားခါအုပ်စု၊မိုးညှင်းမြို့တွင်နေထိုင်သူမောင်းနှင်လာသော
KENBO-125/နီနက်ဆိုင်ကယ်အားရပ်တန့်ရှာဖွေရာ
လက်ဆွဲပလပ်စတစ်အိတ်အတွင်း
Love is Flowerစာတန်းပါဆပ်ပြာခွက်ဖြင့်ထည့်ထားသည့်
ဘိန်းဖြူဟုယူဆရသောဖြူ/ဝါရောင်မှုန့်(၁)ခွက်လျှင်အလေးချိန်(၁၀)ဂရမ်ခန့်စီပါ(၄)ခွက်
စုစုပေါင်းအလေးချိန်(၄၀)ဂရမ်ခန့်၊ကာလတန်ဖိုးကျပ်သိန်းပေါင်း(၃၀)ခန့်အားသိမ်းဆည်းရမိခဲ့သဖြင့်
မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော
ဆေးဝားများဆိုင်ရာပုဒ်မ
မူး/စိတ်ပုဒ်မ-၁၅/၁၉(က)အရ
မိုးညှင်းမြို့မရဲစခန်းတွင်အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရန်စီစဉ်လျက်ရှိကြောင်းသတင်းရရှိပါသည်။

မိုးကောင်းသတင်းမီဒီယာ

No comments: