Thursday, September 29, 2016

ဘတ်ဂျက်လိုငွေပြည့်ရန် ဗဟိုဘဏ်က ငွေစက္ကူထပ်မံရိုက်ထုတ် ဖြေရှင်းခြင်းကြောင့် ငွေကြေးဖောင်းပွမှု သတိပြုရန် စီးပွားရေးပညာရှင်များ ထောက်ပြ

 ဘတ်ဂျက်လိုငွေကို ဗ ဟိုဘဏ်မှ ချေးယူဖြည့်ဆည်းခြင်း သည် ငွေကြေးဖောင်းပွမှုဖြစ်နိုင် သဖြင့် အစိုးရအနေဖြင့် သတိပြု ရန်လိုကြောင်း စီးပွားရေးပညာ ရှင်အချို့ကပြောကြားသည်။

အစိုးရသစ်လက်ထက် ပြန် လည်ရေးဆွဲသော ဘတ်ဂျက်တွင် လိုငွေကျပ် ၃,၀၉၀ ဘီလီယံရှိနေ ပြီး ကျပ် ၁,၂၃၆ ဘီလီယံကို ဗဟို ဘဏ်မှ ချေးယူရန်စီစဉ်ထားသည်။ ဘတ်ဂျက်လိုငွေ၏ ၄၀ ရာခိုင်နှုန်း ခန့်ကို ဗဟိုဘဏ်မှချေးယူရန် စီ စဉ်ထားမှုကြောင့် ငွေစက္ကူ ထပ်မံ ရိုက်ထုတ်ရမည်ဖြစ်ရာ ယင်းငွေ များသည် လှည့်လည်သုံးစွဲနေသော ငွေကြေးထဲသို့ ရောက်ရှိလာပါက ငွေကြေးဖောင်းပွမှုဖြစ်လာမည် ဟု ရသုံးမှန်းခြေငွေစာရင်းဦးစီး ဌာန အငြိမ်းစားဒုညွှန်ကြားရေး မှူးချုပ် ဦးစိုးသိန်းကပြောသည်။

‘‘အစိုးရကလိုတဲ့ငွေကိုဗဟို ဘဏ်ကချေးတာ မြန်မာတစ် နိုင်ငံပဲရှိတယ်။ အာဆီယံနိုင်ငံတ ချို့မှာဆိုရင် ဗဟိုဘဏ်က အစိုးရ ငွေချေးမှုကို လက်မခံဘူး’’ဟု ဦး စိုးသိန်းကပြောသည်။

ဘတ်ဂျက်လိုငွေများနေခြင်း သည် အစိုးရက အသုံးစရိတ်မ လျှော့ချနိုင်ခြင်းကြောင့်ဖြစ်ပြီးငွေ ကြေးဖောင်းပွမှုအပြင် နောက် ဆက်တွဲကုန်ဈေးနှုန်းကြီးမြင့်မှု၊ မြန်မာကျပ်ငွေတန်ဖိုး လျော့ကျမှု တို့ ဆက်တိုက်ဖြစ်လာမည်ဟု စီး ပွားရေးပညာရှင် ဦးလှမောင်က ပြောသည်။

ဝန်ကြီးဌာနများ လျှော့ချ သော်လည်း လက်ရှိအစိုးရ ဘတ် ဂျက်သည် ယခင်အစိုးရဘတ်ဂျက် နှင့် လိုငွေပမာဏ ကွာခြားမှုမရှိ သဖြင့် လွှတ်တော်က ကျပ် ၄၇၀ ဘီလီယံကျော် ဖြတ်တောက်ခဲ့ သည်။လက်ရှိအစိုးရသည် ဘတ် ဂျက်လိုငွေကို ဗဟိုဘဏ်မှ ငွေ ချေးယူခြင်းအပြင် ၆၀ ရာခိုင်နှုန်း  ကို ငွေတိုက်စာချုပ်များ ရောင်းချ ပြီး ဖြည့်ဆည်းရန် စီစဉ်ထား သည်။အစိုးရအသုံးစရိတ်များနှင့် ပတ်သက်၍ စီမံကိန်းမရှိဘဲ ဘတ် ဂျက်များတိုးမြှင့်ချထားပေးခြင်း သည် အလွဲသုံးစားပြုမှုနှင့် လေ လွင့်ဆုံးရှုံးမှုများဖြစ်နိုင်သည်ဟု ဦးစိုးသိန်းကပြောသည်။

ယခင်အစိုးရလက်ထက်က ပညာရေးနှင့်ကျန်းမာရေးဘတ် ဂျက်များ တိုးမြှင့်ပေးရာတွင် အ ဆောက်အအုံများ တိုးမြှင့်တည် ဆောက်ခြင်းမှအပ အခြားသော တိုးတက်မှုများ သိသာစွာမတွေ့ မြင်ရကြောင်း Open Myanmar Intiative အဖွဲ့က ပြုလုပ်သော ဘတ်ဂျက်ရေးရာ ဆွေးနွေးပွဲနှင့် ဘတ်ဂျက်စာမျက်နှာ ၀က်ဘ် ဆိုက်မိတ်ဆက်ပွဲတွင် ဦးစိုးသိန်း ကပြောသည်။

No comments: