Thursday, September 29, 2016

ဘုရားပုံတော် သဏ္ဍာန်သစ်ပင်မြေနေရာအား သာသနာပိုင်မြေ အဖြစ် ပိုင်ရှင်က လှူဒါန်း

ဘုရားဖူးများ တနေ့တခြား များပြားလာနေသည့် ဘုရားဆင်းတုတော် အသွင်ရှိ ကြောင်လျှာသီးပင် တည်ရှိရာ ပြောင်းခြံကို သာ့သနာ့ပိုင်မြေအဖြစ် ခြံပိုင်ရှင်က လှူဒါန်းလိုက်ကြောင်း သိရသည်။

 

“ခြံပိုင်ရှင် ပါ့ယွန်းက သူခြံ ၂ ဧက အကျယ်ကို နမ့်စန်မြို့နယ် သံဃာတော် အဖွဲ့ကို လှူလိုက်ပြီလို့ ပြောပါတယ်။ ဒီတစ်သုတ်ပြောင်းတွေ ယူပြီးရင် ထပ်မစိုက်ပျိုးတော့ဘူး။ သံဃာတော်အဖွဲ့ အဲဒီခြံမှာ စေတီ တည်ပြီးတော့ သာသနာ့မြေအဖြစ် ထားထားမယ်လို့ ပြောပါတယ်။ ဘေးနားကခြံတွေလည်း လှူမယ် ပြောတယ်။ ခြံရှင်တွေရဲ့ ဆန္ဒအရပါ။ အတင်းအဓမ္မမရှိပါဘူး” ဟု ဧည့်ခံကျွေးမွေးရေးအဖွဲ့မှ ပါ့နန်းက ပြောသည်ဟု သျှမ်းသံတော်ဆင့် သတင်း စာမျက်နှာတွင် ဖော်ပြထားသည်။

 

အဆိုပါပြောင်းဖူးခြံမှာ နမ့်စန်မြို့နယ် မုန့်မွန်းအုပ်စု နားဆွယ့်ရွာတွင် တည်ရှိပြီး နမ့်စန်-မိုးနဲ ကားလမ်းအရှေ့ဘက် ဟိုက်ဖတ်ရွာအထွက်လမ်း လမ်းနှင့် တစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။ ဘုရားဖူးများ တနေ့တခြား များပြားလာသည်နှင့်အမျှ တစ်ရက်လျှင် ဧည့်ခံေ ကျွးမွေးသည့်ဆန် ၁၀ တင်း ထက်မနည်း ချက်ပြုတ်ရကြောင်း ကျွေးမွေးရေး တာဝန် ရှိသူများက ပြောသည်။ ဘုရားဆင်းတုတော် ပေါ်လာသည်မှာ ဩဂုတ်လဆန်းပိုင်း ကတည်းက ဖြစ်ကြောင်း သိရသည်။

 

Ref : / Photo - သျှမ်းသံတော်ဆင့်

The Ladies News

No comments: