Thursday, September 29, 2016

ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာဝင် ဆယ်သိန်းကျော်ကို သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိခဲ့

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုမှာ လူဦးရေ ၁ ဒသမ၂ သန်းခန့်ကို ကောက်ယူနိုင်ခဲ့ခြင်းမရှိဘူးလို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို MCN နေပြည်တော် သတင်းထောက် ခိုင်သဇင်ဦးက ပေးပို့ထားပါတယ်။

၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းမှာ လူဦးရေသန်း ၅၀ ကျော် ကောက်ခံရရှိခဲ့ပြီး ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ် စတဲ့ဒေသအချို့က လူဦးရေ ၁ ဒဿမ ၂ ခန့်ကို ကောက်ယူနိုင်ခဲ့ခြင်းမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

ဒီကနေ့ ဇူလိုင် ၂၁ ရက်နေ့က နေပြည်တော် Hotel Max မှာ ပြုလုပ်ခဲ့တဲ့ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကရရှိတဲ့ ကိုးကွယ်တဲ့ ဘာသာဆိုင်ရာ အချက်အလက်ထုတ်ပြန်ပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အခုလို ပြောဆိုလိုက်တာပါ။

၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့တဲ့ လူဦးရေးစာရင်းဟာ ရခိုင်ပြည်နယ်မှာ ၁ သန်းကျော်၊ ကရင်ပြည်နယ်မှာ ၇သောင်းနီးပါးနဲ့ ကချင်ပြည်နယ်မှာ ၅ သောင်းနီးပါး ဖြစ်တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စာရင်းမကောက်ယူနိုင်ခဲ့တဲ့ လူဦးရေအရေအတွက်ဟာ အတန်အသင့်ကြီးမားတာကြောင့် ကိုးကွယ်တဲ့ဘာသာအလိုက် လူဦးရေအချိုးအစားကို အကျိုးသက်ရောက်မှုရှိစေနိုင်လို့ စာရင်းမကောက်ယူနိုင်ခဲ့တဲ့ လူဦးရေကို အစ္စလာမ်ဘာသာကိုးကွယ်သူအဖြစ် တွက်ချက်ခဲ့တယ်လို့လည်း ပြေပါတယ်။

အခုထုတ်ပြန်ချက်ဟာ ၂၀၁၄ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူပြီး ရရှိလာတဲ့ ပင်မအစီရင်ခံစာ ထုတ်ပြန်ချက်ရဲ့ နောက်ဆက်တွဲအစီရင်ခံစာတစ်ခုဖြစ်တဲ့ ကိုးကွယ်တဲ့ဘာသာအစီရင်ခံစာလည်းဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်မှာတော့ ကိုးကွယ်တဲ့ဘာသာအလိုက် လူဦးရေကို ၁၉၇၃နဲ့ ၁၉၈၃ ခုနှစ်တွေက သန်းခေါင်စာရင်းနဲ့ နှိုင်းယှဉ်တင်ပြထားပြီး နှစ်ပေါင်း ၃၀ အတွင်း သိသိသာသာပြောင်းလဲမှုမရှိတာကိုလည်း တွေ့ရပါတယ်။

No comments: