Friday, September 30, 2016

အာဆီယံပါလီမန်းများ ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် မိန့်ခွန်း တိုက်ရိုက်ထုတ်လွှင့်မယ်

(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်းများ ညီလာခံဖွင့်ပွဲ အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် မိန့်ခွန်းနဲ့ အခမ်းအနားကို ရုပ်/သံလိုင်းတွေနဲ့ ရေဒီယိုတွေက တိုက်ရိုက် ထုတ်လွှင့် ပြသဖို့ ရှိနေပါတယ်။

စက်တင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်း နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) MICC-I မှာ ကျင်းပပြုလုပ်မယ့် ဖွင့်ပွဲ အခမ်းအနားကို မြန်မာ့ရုပ်မြင်သံကြား MRTV၊ လွှတ်တော်ရုပ်သံလိုင်း၊ မြန်မာ့အသံရေဒီယိုတွေအပြင် ပုဂ္ဂိလိကရုပ်သံလိုင်းတွေက မနက် ၁၀ နာရီ မိနစ် ၅၀ အချိန်မှာ တိုက်ရိုက်ထုတ်လွှင့်သွားကြဖို့ ရှိနေတာပါ။

ဒီညီလာခံကို အာဆီယံနိုင်ငံတွေက ပါလီမန်တွေရဲ့ ကိုယ်စားလှယ်တွေ၊ နိုင်ငံတကာပါလီမန်များသမဂ္ဂ (IPU) က ကိုယ်စားလှယ်တွေ အပါဝင် စုစုပေါင်း ပြည်ပကိုယ်စားလှယ် ၃၀၀ ၀န်းကျင် တက်ရောက်နေကြတာဖြစ်ပြီး AIPA ရဲ့ လုပ်ငန်းတာဝန်တွေကို အဓိက ဆွေးနွေးသွားကြဖို့ ရှိနေတာဖြစ်ပါတယ်။MCN

No comments: