Wednesday, September 28, 2016

ရေဒီယိုနှင့် ဆက်သွယ်ရေးပစ္စည်းများနှင့်စပ်လျဉ်း၍ ကြေညာ

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ရေဒီယိုနှင့်ဆက်သွယ်ရေးပစ္စည်းများ တပ်ဆင်အသုံးပြုခြင်း၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာလိုက်သည်။

မည်သူမဆို VHF/UHF ရေဒီယို ဆက်သွယ်ရေးစက်ပစ္စည်းများ၊ လမ်းလျှောက်စကားပြောစက် (Walkie-Talkie) များ၊ Jammer များ၊ Cellular Repeater များ၊ GSM Repeater များအပါအဝင် လှိုင်းနှုန်း ထုတ်လွှင့်နိုင်သည့် ရေဒီယိုပစ္စည်းများအား ခွင့်ပြုချက်မရှိဘဲ တပ်ဆင်အသုံးပြုခြင်း၊ ပြည်သူလူထု အကျိုးစီးပွားနှင့် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်နိုင်သော ဆက်သွယ်ရေးပစ္စည်းများအား တပ်ဆင်အသုံးပြုခြင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို ခွင့်ပြုချက်နှင့်လိုင်စင်မရှိဘဲ လက်ဝယ်ထားရှိခြင်း၊ အသုံးပြုခြင်း၊ လုပ်ကိုင်ဆောင်ရွက်ခြင်း စသည်များမပြုလုပ်ကြရန် အသိပေးကြေညာထားခြင်းဖြစ်သည်။

ထိုသို့ဆောင်ရွက်ကြောင်းတွေ့ရှိပါက တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထပ်မံအသိပေးကြေညာထားခြင်းဖြစ်သည်။

No comments: